Daik U Jail News

0 0
Read Time:4 Minute, 41 Second

ဒိုက်ဦးအကျဉ်းထောင်ဝန်ထမ်း ဦးစီးအရာရှိ ကျော်ဇေယျ၊ သီဟမျိုးအောင်၊ မင်းဇော်သိန်း၊ လေးမြင့် တို့က နိုင်ငံရေးအကျဉ်းသူများကို မိုက်ရိုင်းစွာဆဲဆိုရိုက် နှက်မှုကြောင့် အကျဉ်းသူ ၈၀ ကျော်ဒဏ်ရာရ

 

D Day News

ဇွန်လ ၁၇

 

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်ဝန်ထမ်း ဦးစီးအရာရှိ ကျော်ဇေယျ၊ သီဟမျိုးအောင်၊ မင်းဇော်သိန်း၊ လေးမြင့် တို့က နိုင်ငံရေးအကျဉ်းသူများကို မိုက်ရိုင်းစွာဆဲဆိုရိုက်နှက်မှုကြောင့် ၈၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM ထံမှ သိရသည်။

 

ဇွန်လ ၁၅ ရက် မွန်းတည့် အချိန်တွင် ဒိုက်ဦးအကျဉ်းထောင်သို့ ကျိုက်မရော အကျဉ်းထောင်မှ နိုင်ငံ ရေး အကျဉ်းသူ ၄၀ ကျော်အပါအဝင် ၆၀ ဦးတို့ရောက်ရှိခဲ့ပြီး ဒိုက်ဦးအကျဉ်းထောင်ရှိ အမျိုးသမီးများ ကို ထားသည့် တိုက်တစ်ခုတွင် ထား၍ ပါလာသည့်ပစ္စည်းများကို ထောင်ဝန်ထမ်းများမှ ရှာဖွေခဲ့ ကြောင်း သိရသည်။

 

ထိုသို့ ပစ္စည်းများ ရှာဖွေပြီးဆုံးချိန်တွင် နိုင်ငံရေးအကျဉ်းသူများကို အမျိုးသမီးများထားရာ အိပ် ဆောင်သို့ ပို့ဆောင်ချိန်တွင် ရှာဖွေပြီး ပစ္စည်းများကို လာပေးသော်လည်း ကျိုက်မရောထောင်မှ ပါလာသည့် အသုံးအဆောင်နှင့် အစားအသောက်များကို သိမ်းယူထားသည့်အတွက် ထောင်ပြောင်း နိုင်ငံရေးအကျဉ်းသူများမှ ပြန်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်းဆိုမှုကို အမျိုးသမီးဝန်ထမ်းများမှ ကောင်းမွန်စွာမဖြေရှင်းပေးပဲ အကျဉ်းဦးစီးအရာရှိ ဝန်ထမ်းများက ရာထူးအာဏာကို အလွဲသုံးစားပြု၍ နိုင်ငံရေးအကျဉ်းသူများကို အော်ဟစ်ဆဲဆိုခဲ့ပြီး “မိုက်တဲ့ကောင်မ ထွက်ခဲ့ —- ပေးမယ် (မုဒိန်းကျင့်‌ပေးမယ် ဟုယဥ်ကျေးစွာ ရေးသာရန်လို အပ်သော် လည်း နစ်နာစွာအ‌ပြောဆိုခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူများ ၏နစ်နာမှုကိုသိရှိစေရန် ရေးခြင်းဖြစ် သည်) ဟု”ဆဲဆိုကာ မိုးပေါ် သို့ သေနတ် လေးချက်ပစ်ဖောက်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အခြားအဆင့်ဝန်ထမ်းများမှ လေးခွများဖြင့် ပစ်ခတ်ခြင်း၊အရာရှိဝန်ထမ်းများကိုယ်တိုင် ကျင်စက်များ၊ ရာဘာတုတ်များ၊ သစ်သားတုတ်များ၊ ကျစ်ကြိုးများဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ သည့် အတွက် ထောင်ပြောင်းနှင့်ရောက်ရှိလာသူ နိုင်ငံရေးအကျဉ်းသူ (၃၀) ကျော်၊ မူလကတည်း က ဒိုက်ဦးထောင်တွင်ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ (၅၀) ကျော်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသူ (၅) ဦးကျော် ဦးခေါင်းထိခိုက်ပေါက်ပြဲဒဏ်ရာများ ပြင်းပြင်းထန်ထန် ရရှိခဲ့ ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် အဆိုပါရိုက်နှက်ခံထားရသူအမျိုးသမီးများကို တိုက်ပိတ်ထားပြီး၊အပြင်းအထန် ရိုက်နှက်ခံထားရသူများမှာ ဒိုက်ဦးဆေးရုံဆောင်တွင် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

ယခုဖြစ်စဉ်တွင် ကိုယ်တိုင်အမိန့်ပေး၍ ရိုက်နှက်မှုကို ဦးဆောင်ခဲ့ကြသည့် ထောင်ဝန်ထမ်းအရာရှိ များမှာ ဦးစီးအရာရှိ ကျော်ဇေယျ၊မျိုးသီဟအောင် “၁ပွင့်” (အမျိုးသမီးများကို မိုက်ရိုင်းသည့် စကား လုံး များဖြင့်ဆဲဆိုရိုက်နှက်သူ)၊ မင်းဇော်သိန်း “၁ပွင့်” (အမျိုးသမီးများကို ဆဲဆိုရိုက်နှက်သူ)၊ လေး မြင့်(အဆောင်မှူး)တို့မှ ဥပဒေမဲ့ ရိုက်နှက်မှုများ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယခုကဲ့သို့ အမျိုးသမီးများအပေါ် အရှက်ရစေရန် ဆဲဆိုပြီး ညစ်ညမ်းသောစကားအသုံးအနှုန်းများဖြင့် ပြောဆိုခြင်း ၊လူမဆန်စွာ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခြင်းစသည့် လူ့အခွင့်အ‌ရေးချိုးဖောက် နေမှုတို့ ကို ကျူးလွန်သူ အကျဉ်းဦးစီးဝန်ထမ်းများအား တော်လှန်ရေးအင်အားစုများအနေဖြင့် ဖမ်းဆီးထိန်း သိမ်းပြီး ထိရောက်သည့် အပြစ်ပေးအရေးယူမှု ပြုပေးပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်း သားများကွန်ရက်(PPNM)မှ တောင်းဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *