Ye Phyu News

0 0
Read Time:2 Minute, 12 Second

ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာ၌ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုအတွင်း စစ်ကြောင်းမှူး ဗိုလ်မှူး သန်းဌေးအောင် သေဆုံး

 

D Day News

ဇွန်လ ၁၆

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရာဖူးရွာကျေးရွာ၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှူး ဗိုလ်မှူးသန်းဌေးအောင် သေဆုံးသွားကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။

 

ဇွန်လ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအတွင်း စစ်ကြောင်းထိုး ကာ ယာယီစခန်းချနေထိုင်သော အကြမ်းဖက်စစ်သားများကို ပြည်သူကာကွယ်ရေးတပ်မတော်ပူး ပေါင်းတပ်ဖွဲ့မှ Drone ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာမှ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး ဗိုလ်မှူးသန်းဌေးအောင် (စိုးရိမ်ရ)နှင့် ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူရန် သယ်ဆောင်သွားစဉ် လမ်း၌ သေဆုံးသွားကြောင်း သိရသည်။

“ဒရုန်းနဲ့ချတုန်းက ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်ကြောင်းမှူးက ဗိုလ်မှူးသန်းဌေးအောင် ၊လမ်းမှာ သေဆုံးသွားတယ်လို့ သိရတယ်၊ လောလောဆယ်တော့ နာရေးလုပ်နေပြီလို့ သိရတယ်၊ နာရေးက တော့ တပ်တွင်းမှာပဲ လုပ်တယ်လို့ကြားတယ်၊ သူက ခလရ ၂၇၃ ကံပေါက်ကလို့ သိရတယ်” ဟု ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းတပ်များဖြစ် သည့် မွန်ပြည်ကာကွယ်ရေးတပ် – MSRF ၊ K.T.L.A ၊ မွန်ပြည်သစ်ပါတီ – AD ၊ အထူးဒရုန်းတပ်ဖွဲ့ – Saw Dragon Drone Force ၊ ရေးဒရုန်းတပ်ဖွဲ့ – Y.A.F နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် – D.N.L.A တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *