Oak Phoe News

0 0
Read Time:4 Minute, 7 Second

အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ပေါ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၇ ဦးသေဆုံး၊ စစ်သားများ က စစ်ဘေးရှောင်တဲများ မီးရှို့ဖျက်ဆီးမှုကြောင့် ဒုက္ခသည်ပြည်သူများ မိုးထဲရေထဲ ဒုက္ခရောက် နေရ

 

D Day News

ဇွန်လ ၁၆

 

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ပေါ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF ထံမှ သိရသည်။

 

ဇွန်လ ၁၃ ရက် နံနက် ၆ နာရီခန့်က အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ဘောင်ပေါ်ကို အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာ အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ပြီး ၆၀ မမ၊ ၄၀ မမ လက်နတ်ကြီး၊ လက်နတ်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုသည် နံနက် ၆ နာရီ မှ မွန်းလွဲ ၁ နာရီ အထိ ၇ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ၇ ဦး သေဆုံးကာ ၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိ ခဲ့ကြောင်း၊ ထို့ပြင် တပ်ခွဲ ၁ မှ ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကြိုပင်ကောက် Hero ပြောက် ကျားအဖွဲ့မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ညနေ ၅ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး အင်အား အများအပြား အသုံး ပြုကာ ထပ်မံစစ်ကြောင်းထိုးလာခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာပေးလိုက်ရပြီး တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA (GBK) ပြည်သူကာကွယ်ရေးတပ်ဖွဲ့၏ စခန်းတစ်ခုလည်း မီးရှို့ဖျက် ဆီးခံခဲ့ရကြောင်း သိရသည်။

 

“မိုးလင်းကတည်းက စခတွေ လက်နက်ကြီးတွေပစ်ပြီး တက်ချလာကြတာ ၁၂ ရက်နေ့က တိုက်ခိုက် ခံရတဲ့ စစ်ကြောင်းပဲ အင်အား ၆၀ လောက်နဲ့ ဆည်ဘောင်ကနေ ချောင်းစောက်ဘက်ကို တက်လာ တာ အဲ့ဒါကို မိုင်းစောင့်ဆွဲပြီး အပြန်အလှန် ပစ်ခတ်ကြတာ  ၇ ဦး သေတယ်။ ၃ ဦး ဒဏ်ရာရတယ်။ ကျွန်တော်တို့ဘက်က ၁ ဦးကျတယ်။ ၁ နာရီ လောက်ကြတော့ စခတွေဘက်က လက်နက်ကြီးတွေ ထုပြီး အတင်းတက်ချလာတာရယ်၊ ကျနော်တို့ဘက်က ခဲယမ်း မလုံလောက်တာရယ်ကြောင့် ဆုတ် ပေးလိုက်ရတယ်။ ညနေ ၅ နာရီလောက်မှာ စခန်းစောင့် ရဲဘော် လောက်ပဲကျန်ခဲ့တဲ့ YOMA-GBK-PDF ကာကင်းစခန်းကို ဝင်သိမ်းတာ အင်အားမမျှလို့ လက်လွတ်ပေးလိုက်ရတယ်။ သိန်း ၃၀ ဖိုး လောက် ဆုံးရှုံးသွားတာပေါ့” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် PDF စခန်းအနီးရှိ စစ်ရှောင်တဲ ၃၀ ကျော်ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပြီး စစ်ဘေးရှောင် ပြည်သူများသည် တောတောင်များအတွင်း အမိုးအကာမရှိဘဲ သစ်ပင် များ အောက်တွင် ခိုကပ်နေကြရကြောင်း၊ စစ်ဘေးရှောင် အများစုသည် ကလေးများ၊ အမျိုးသမီးများ နှင့် သက်ကြီးရွယ်အိုများဖြစ်ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝိုင်းကျေးရွာ၌ ရောက်ရှိနေကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပဲခူးတိုင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ – ၁ YOMA (QBK) ပြည် သူ ကာကွယ်ရေးတပ်ဖွဲ့ နှင့်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား (အုတ်ဖို)တပ်ဖွဲ့နှင့် သာယာ ဝတီခရိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *