Myaing News

0 0
Read Time:1 Minute, 48 Second

မြိုင်မြို့တွင် ပြည်သူ့နေအိမ်များအတွင်းမှ ပစ္စည်းများခိုးယူပြီး ဂိတ်သို့ ပြန်လာသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်ဒဏ်ရာရ

 

D Day News

ဇွန်လ ၁၆

 

မကွေးတိုင်း၊ မြိုင်မြို့တွင် ပြည်သူ့နေအိမ်များအတွင်းမှ ပစ္စည်းများ ခိုးယူပြီး ဂိတ်သို့ ပြန်လာသော အကြမ်းဖက်စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာရရှိ မှုရှိခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၅ ရက် ညနေ ၄ နာရီခန့်က မြိုင်မြို့တောင်ဘက်၌ တပ်စွဲနေထိုင်သော အကြမ်း ဖက်စစ်သားများ အနက် ၆ ဦးသည် မြိုင်မြို့တွင်းရှိ ပြည်သူ့နေအိမ်များအတွင်းမှပစ္စည်းများခိုးယူပြီး ဂိတ်သို့ ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မြို့ တွင်းတနေရာမှ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုသည် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သား များကို ကျန်စစ်သားများက ဆွဲခေါ်ကာ ဝရုန်းသုန်းကားဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြိုင်ပကဖ တပ်ရင်း ၁ တပ်ခွဲ ၃ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *