Kachin News

0 0
Read Time:5 Minute, 43 Second

KIA ၊ PDF တပ်ဖွဲ့များကို တိုက်ခိုက်ရန် စစ်မိန့်ပေးပြီး လက်အောက်ငယ်များက တိုက်ခိုက်ခြင်း မရှိပဲ ထွက်ပြေးသွားပြီးနောက် စစ်ပွဲရပ်တန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးကြရန် ဇခုန်တိန့်ယိန်း ပြန်ပြော

 

D Day News

ဇွန်လ ၁၆

KIA ၊ PDF တပ်ဖွဲ့များကို တိုက်ခိုက်ကြရန် စစ်မိန့်ပေးပြီး လက်အောက်ငယ်သားများက KIA ၊ PDF တပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန် တိုက်ခိုက်ခြင်းမရှိပဲ စခန်းစွန့်ခွာထွက်ပြေးသွားပြီးနောက် စစ်ပွဲရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးကြရန် ဇခုန်တိန့်ယိန်းက ပြန်လည်ပြောဆိုသည်။

 

ဇွန်လ ၇ ရက်နေ့က ကချင်ပြည်နယ်၊ ကချင်ပြည်နယ်အထူးဒေသ ၁ ပန်ဝါမြို့၌ အခြေစိုက်ထား သော အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ဖွဲ့မှူးများနှင့် ဒေသလက်နက်ကိုင် ပြည်သူ့စစ် ရဲဘော်များအနေဖြင့် KIA နှင့် PDF ပူးပေါင်း အဖွဲ့များအား ယတိပြတ်ခုခံချေမှုန်းရန် “စစ်မိန့်” ပေးအပ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

 

ထိုသို့ ထုတ်ပြန်ပြီးနောက် ဇွန်လ ၁၂ ရက်နေ့က  ဝိုင်းမော် -ကန်ပိုက်တည်လမ်းပေါ်ရှိ စခန်း ၁၁ ခု၊ ဇွန်လ ၁၃ ရက်နေ့က ဝိုင်းမော် -ချီဖွေလမ်းပေါ်ရှိ စခန်း ၂ ခုတို့ကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ထို့နောက် ဇွန်လ ၁၄ ရက်နေ့တွင် ဝိုင်းမော် -ချီဖွေလမ်းပေါ်ရှိ ဇခုန်တိန့်ယိန်းဦးဆောင်သော နယ်ခြားစောင့် – BGF စခန်းများဖြစ်သော ရှငေါ်ပြည်သူ့စစ်စခန်း၊ မန်ဒေါင်စခန်း တို့အပါအဝင် ချီဖွေ၊ ဆော့လော်၊ ကန်ပိုက်တည်ဒေသတို့ရှိ ပြည်သူ့စစ်၊ နယ်ခြား စောင့်စခန်းမှ တပ်သားများသည် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့များ ရောက်ရှိလာချိန် စခန်းစွန့်ခွာ ထွက်ပြေးသွားကြကြောင်း သိရသည်။

 

ထိုသို့ လက်အောက်ခံ တပ်သားများ ထွက်ပြေးသွားပြီးနေက် ဇွန်လ ၁၄ ရက်နေ့တွင် ကချင်ပြည်နယ် အထူးဒေသ (၁) ခေါင်းဆောင် ဇခုန်တိန့်ယိန်းက စစ်ပွဲရပ်တန့်ကြရန်၊ ငြိမ်းချမ်းရေးဆွေးနွေးကြရန် ထုတ်ပြန်ပြောဆိုလာခြင်းဖြစ်သည်။

 

ကချင်ပြည်နယ် ပူတာအို၊ ချီဖွေ၊ မြစ်ကြီးနား၊ ဗန်းမော်ဘက်တို့တွင်  KIA ပူးပေါင်းတပ်များက စစ် တပ် စခန်းများအား တိုက်ခိုက်နေသည်ကို တွေ့နေရကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် နိုင်ငံတော် ထိခိုက်မှု၊ ဆုံးရှုံးမှုများဖြစ်စေပြီး တပ်မတော်လည်း ထိခိုက် နစ်နာပါကြောင်း၊ အလားတူ စစ်ပွဲဖော် ဆောင်သည့်အတွက် KIA နှင့် ပူးပေါင်းတပ်ဖွဲ့ ကလည်း ထိခိုက်မှုရှိကြောင်း ဇခုန်တိန့်ယိန်းက ပြော ဆိုထားသည်။

“ဒီလို တိုက်ပွဲတွေကြောင့်ပဲ ဒေသခံပြည်သူလူထုများအနေနဲ့ မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာရတယ်၊ သားပျောက်၊ သမီးပျောက်၊ လင်ပျောက်၊ မယားပျောက်၊ မိဘပျောက်၊ အိုးအိမ်ပျောက်၊ အင်မတန် ကြီးမားတဲ့ဒုက္ခတွေကို ကျရောက်စေတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးမှ ကျွန်တော်တို့အားလုံး စိတ်မ ကောင်းပါဘူး။ ဒါကြောင့်မို့လို့ နိုင်ငံတော်အစိုးရကို ဆန့်ကျင်တိုက်ခိုက်တဲ့တိုက်ပွဲတွေကို၊ ဘယ်မှာ တိုက်နေလဲ… ကိုယ့်နိုင်ငံထဲမှာပဲ၊ ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်ပြည်သူအချင်းချင်းကြားမှာ ဖြစ်နေ တဲ့တိုက်ပွဲကို ရပ်ပေးကြပါ။ မိမိတို့နိုင်ငံ၊ မိမိတို့ပြည်သူတွေကို အကာအကွယ်ပေးကြပါ။ ပြည်သူ တို့ရဲ့ဘဝ၊ ပြည်သူတို့ရဲ့ ဒုက္ခတွေကို အမြန်ဆုံး ငြိမ်းချမ်းမှုနဲ့ကုစားနိုင်မှ ကျွန်တော်တို့ နိုင်ငံ၊ ကျွန် တော်တို့ပြည်သူတွေ၊ အဖွဲ့များအားလုံးအတွက် အကျိုးသက်ရောက်မယ်၊ အကျိုးရှိမယ်။ တိုက်သာ တိုက်နေရင်တော့ တိုင်းပြည်နစ်နာမယ်။ ဘယ်အဖွဲ့မဆို နစ်နာမယ်။ ဆုံးရှုံးမယ်။ တစ်ချိန်ထဲမှာ ဒီအခြေအနေကနေပြီးမှ “တောမီးလောင်၊ တောကြောင် လက်ခမောင်းခတ်”ဆိုသလိုပဲ မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားပြည်သူများ ပျက်စီးဖို့၊ တိုင်းပြည်ပျက် စီးဖို့၊ လူမျိုးတွေ ထိခိုက်ဆုံးရှုံးအောင်လုပ်ဖို့ဆိုတဲ့ တိုင်းတစ်ပါးပယောဂက ဝင်ရောက်လာ မယ်။ အလိုအလျောက်ပဲပေါ့ဗျာ။ ဒီဟာက ကျွန်တော်တို့တိုင်းပြည်ကို အမုန်းတရားဖြစ်နေတဲ့လူတွေ အ တွက် လမ်းခင်းပေးသလိုဖြစ်စေမယ်။ ဒါကြောင့်မို့လို့ မိမိတို့ဖာသာမိမိတို့ ရွေးချယ်သင့်တာက စစ်ပွဲ ကို ရပ်ပစ်ရန်၊ နောက်ပြီးမှ နိုင်ငံတော်ငြိမ်းချမ်းသွားရင် ကျွန်တော်တို့ အမျိုးသားစည်း လုံးညီညွတ် ရေး၊ ပြည်သူတွေရဲ့ အနာဂတ်ဘဝကိုကောင်းအောင် ကျွန်တော်တို့ ဆောင်ကျဉ်းပေးနိုင်မယ်။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

ထို့အပြင် နိုင်ငံရေးစေ့စပ်ဖြေရှင်းကာ ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် ဖော်ဆောင်ရန် လိုကြောင်း၊ ၎င်းအနေဖြင့်လည်း လိုလားကြောင်း ဇခုန်တိန့်ယိန်းက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *