Myingyan News

0 0
Read Time:2 Minute, 24 Second

မြင်းခြံမြို့ ခမရ ၁၅ တပ်ရင်းသို့ ရဟတ်ယာဉ်ဖြင့် ရိက္ခာများလာရောက်ပိုဆောင်စဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

D Day News

ဇွန်လ ၁၅

 

မန္တလေးတိုင်း၊ မြင်းခြံမြို့ ခမရ ၁၅ တပ်ရင်းသို့ ရဟတ်ယာဉ်ဖြင့် ရိက္ခာ၊ ခဲယမ်းများလာရောက်ပို့ ဆောင်စဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၀ ရက် နံနက် ၁၁ နာရီခန့်က မြင်းခြံမြို့ ခမရ ၁၅ တပ်ရင်းအတွင်းသို့ မိတ္ထီလာလေတပ်မှ ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းလာရောက်ပို့ဆောင်ပြီး တပ်ရင်းအတွင်း၌ ရဟတ်ယာဉ် ရပ်နား နေစဉ်  တပ်ရင်းရှေ့ရှိ ဂိတ်စခန်းကို ဗုံးသီး ၁ လုံး၊ တပ်ရင်းအတွင်းသို့ ဗုံးသီး ၃ လုံးတို့ကို Shar Htoo WOW နည်းပညာသုံး Fixed Wing Drone များဖြင့် ၄ ကြိမ်တိုင်တိုင် ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၄ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

“အဲဒီတုန်းက သူတို့ပစ္စည်းတွေကို ရဟတ်ယာဉ်နဲ့ချနေတာရှိတယ်၊ ရဟတ်ယာဉ်ကို အဲဒီတပ်ရင်းထဲ မှာ ရပ်နေတာ၊ မိတ္ထီလာကနေပြီး ရဟတ်နဲ့ပစ္စည်းတွေလာပို့ထားတာ၊ အဲဒီအချိန်မှာ ချလိုက်တာ၊ တပ်ရင်းထဲကို ၃ လုံးနဲ့ တပ်ရင်းရှေ့ဂိတ်ကို ၁ လုံးချတာ၊ နောက်တပ်ထပ်တိုးသေဆုံးမှုတော့ မကြားမိ ဘူး” ဟု မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF တပ်ဖွဲ့ တာဝန်ခံ ကိုလင်းလက်က ပြောကြားသည်။

 

ထို့သို့ တိုက်ခိုက်ခံရပြီးနောက် ယနေ့အချိန်အထိ အကြမ်းဖက်စစ်တပ် ခမရ ၁၅ တပ်ရင်းအတွင်းမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် တပ်ရင်းအနီးတဝိုက်ရှိ ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ ဘက် သို့ ရမ်းသမ်းပစ်လျက်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF၏ Drone တပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းနှင့် မလှိုင်မြို့နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *