Ye Phyu News

0 0
Read Time:3 Minute, 1 Second

ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာစစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု စစ်ကြောင်းမှူး အပါအဝင် ၄ ဦးဒဏ်ရာရ

 

D Day News

ဇွန်လ ၁၄

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရာဖူးရွာကျေးရွာအတွင်း တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှူးအပါအဝင် ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။

 

ဇွန်လ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန် ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအတွင်း စစ်ကြောင်းထိုး ကာယာယီစခန်းချနေထိုင်သော အကြမ်းဖက်စစ်သားများကို ပြည်သူကာကွယ်ရေးတပ်မတော် ပူး ပေါင်း တပ်ဖွဲ့မှ Drone ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး (စိုးရိမ်ရ)နှင့် ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒရုန်းချတာကတော့ ၁၁ ရက်နေ့ပေါ့၊ သူတို့စခန်းချတဲ့နေရာကို ကျနော်တို့က အတိအကျ သိတယ်၊ အဲဒါကြောင့်မို့လို့ ဒရုန်းနဲ့ချတဲ့အခါမှာ စစ်ကြောင်းမှူးအပါအဝင် ရဲဘော် ၃ ဦး စုစုပေါင်း ၄ ဦးပေါ့ ဒဏ်ရာရတယ်၊ စစ်ကြောင်းမှူးကတော့ စစ်ကြောင်းမှူးကတော့ ဒဏ်ရာနည်းနည်းများတယ်လို့ သိရ တယ်ဗျ။ စစ်ကြောင်းမှူး ဒဏ်ရာရတော့ ပြန်ဆုတ်သွားပြီ၊ရာဖူးရွာထဲမှာလည်း မရှိတာ့ဘူး။ ပြန်ဆုတ် သွားတဲ့အချိန်မှာ နေအိမ်ထဲက ပစ္စည်းတွေဖောက်ယူသွားတယ်လို့ သိရတယ်” ဟု ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့အပြင် ဇွန်လ ၁၃ ရက်နေ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အလယ်စခန်းကျေးရွာကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး အမှတ် ၈ လမ်းမ ကြီးပေါ်သွားလာ ဖြတ်သန်းနေသော ကားများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

“နယ်မြေရှင်းလင်းရေးလုပ်တာကတော့ အလယ်စခန်းကျေးရွာမှာပေါ့၊ အလယ်စခန်းမှာတော့ သူတို့ မရှိဘူး၊ အလယ်စခန်းမှာတော့ စစ်ခွေးတွေ မနေရဲဘူး” ဟု ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းတပ်များဖြစ် သည့် မွန်ပြည်ကာကွယ်ရေးတပ် – MSRF ၊ K.T.L.A ၊ မွန်ပြည်သစ်ပါတီ – AD ၊ အထူးဒရုန်းတပ်ဖွဲ့ – Saw Dragon Drone Force ၊ ရေးဒရုန်းတပ်ဖွဲ့ – Y.A.F နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် – D.N.L.A တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *