Laung Lone News

0 0
Read Time:3 Minute, 28 Second

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ ပျူခေါင်းဆောင်နေအိမ်ကို ဝင်ရောက်စီးပြီး ထွက်ပြေးသွား သည့်ပျူများကို တိုက်ခိုက်မှု ပျူ ၅ ဦးသေဆုံးကာ ပစ္စတိုသေနတ်တစ်လက်၊ ကားတစ်စီးနှင့် ဖုန်းများ သိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၁၄

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ ပျူခေါင်းဆောင်၏ နေအိမ်ကို ဝင်ရောက် စီးနင်းပြီး ထွက်ပြေးသွားသည့် ပျူများကို လိုက်လံချေမှုန်းတိုက်ခိုက်ရာ ပျူ ၅ ဦးသေဆုံးသွားပြီး ပစ္စ တိုသေနတ်တစ်လက်၊ ကားတစ်စီးနှင့် ဖုန်း ၂ လုံးသိမ်းဆည်းရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်က လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာ၌ ကင်းလှည့်သွားလာရင်း ထွက်လာသည့်ပျူခေါင်းဆောင်စိုးသန်းဆိုသူနှင့်ပျူများကို လောင်းလုံး (ပကဖ) ရဲဘော်များနှင့် ထား ၀ယ်ခရိုင်တပ်ရင်း (၁) ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ အသင့်စောင်းဆိုင်းကာ ဝိုင်းဝန်း ပိတ်ဆို့စဉ် ပျူခေါင်းဆောင်စိုးသန်း ဆိုသူမှာ ပထမဦးဆုံးထွက်ပေးသွားခဲ့ ကြောင်း၊ ထို့နောက် ကျန်ပျူများက လည်း ၎င်းတို့၏ ခေါင်းဆောင် စိုးသန်း၏ နောက်မှအမှီလိုက်ပြေးကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ ကြောင်း သိရသည်။

ထို့ကြောင့် ပျူစောထီးများနေထိုင်သည့် နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ပျူခေါင်းဆောင်စိုးသန်း ၏ ကားတစ်စီး၊ ပစ္စတို သေနတ် တစ်လက်၊ ဖုန်း၂ လုံး ၊ ပိုက်ဆံအချို့ နှင့် လက်ပတ်နာရီ တစ်လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည့်သူ့ကာကွယ်ရေးရဲဘော်များက အသင့်စောင့်ဆိုင်းပြီး စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ ပျူ ၂ ဦး သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း၊ ထိုနောက် ညနေ ၃ နာရီခန့်တွင် ပျူများက စစ်သားအချို့ခေါ် ဆောင်လာခဲ့ကာ ၎င်းတို့၏ ပျူမိသားစုဝင်များကို ငါးဖမ်းစက်လှေတစ်စီးဖြင့် ထားဝယ် ဘက်သို့ ခေါ် ဆောင်ထွက်ပြေး ကြသည်ဟု ဆိုသည်။

 

ထိုသို့ ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေး ရဲဘော် များက လိုက်လံတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၂ နာရီနီးပါးကြာမြင့်ခဲ့ပြီး စက်လှေ မောင်းသမားတစ်ဦး ၊ ပျူအမျိုးသမီးတစ်ဦးနှင့် ပျူတစ်ဦး ကျည်ထိမှန်သေဆုံးကာ စက်လှေမှာလည်း ကျည်ထိမှန်ဒဏ်ရာများစွာဖြင့် ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး(ပကဖ)မှ စနိုက်ပါတပ်ဖွဲ့ ၊ ဒရုန်းတပ်ဖွဲ့ ၊ လိပ်ပြာတပ်စု ၊ တော သားလေးတပ်စု ၊ ဂဠုန်တပ်စု နှင့် ထား၀ယ်ခရိုင်တပ်ရင်း (၁) T-1 တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ် ပြီး အကြမ်းဖက်စစ်ကောင်စီနှင့်ပျူများ အမြစ်ပြတ်သည် အထိဆက်လက် တိုက်ခိုက်ချေမှုန်းသွား မည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *