International News

0 0
Read Time:5 Minute, 18 Second

အလွန်အမင်း ကြမ်းကြုတ်ရက်စက်သော စစ်တပ်ကြောင့် မသန်စွမ်းသူဦးရေမြင့်တက်လာဟု ကုလ သမဂ္ဂအစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းတင်ပြ

 

D Day News

ဇွန်လ ၁၄

 

အလွန်အမင်းကြမ်းကြုတ်ရက်စက်သော စစ်တပ်ကြောင့် မသန်စွမ်းသူဦးရေမြင့်တက်လာကြောင့် ကုလသမဂ္ဂအစည်းအဝေးတွင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံများ၏ (၁၇) ကြိမ်မြောက် ကွန်းဖရင့် (17th Session of the Conference of State Parties to the CRPD – COSP17) တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

မတရားစစ်အာဏာသိမ်းထားသည့် စစ်တပ်က နိုင်ငံတစ်ဝန်းရှိ ပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် မဆင်မခြင်တိုက်ခိုက်မှုများကြောင့် မသန်စွမ်းသူများဦးရေ မြင့်တက် လာခဲ့ကြောင်း၊ ကလေးငယ်များနှင့် လူငယ်လူရွယ်များ၊ အထူးသဖြင့် ပဋိပက္ခအတွင်း ကျရောက်နေ သူများအနေဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ဆုံးရှုံးကာ မသန်စွမ်းသူများ ဖြစ်လာခဲ့ရကြောင်း၊ ထိုသို့ သော ကြေကွဲဖွယ်ရာ အခြေအနေ များမှာ လူကဖန်တီးသော အခြေအနေများဖြစ်ပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ် သော စစ်တပ်ကြောင့်ပင်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

သို့သော် ထိရှလွယ်သောအုပ်စုများအတွက် ယနေ့အချိန်အထိလုံလောက်သော၊ လိုအပ်သောထောက် ပံ့ကူညီမှုများ မရရှိသေးကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံသည် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် အဆင့်မြင့် နည်းပညာထောက်ပံ့မှုနှင့် အခြားသော တီထွင်ဖန်တီးမှုများ၊ လူမှုအသိုက်အဝန်းအတွင်း မသန်စွမ်းသူများ ပါဝင်ရေး၊ ပညာရေး၊ အလုပ်အကိုင် ဖန်တီးမှု၊ ရေရှည်တည်တံ့ခိုင်မြဲသော လူနေမှု ဘဝအတွက် မူဘောင်များ ချမှတ်ခြင်း စသည်တို့တွင် နောက်ကျကျန်ရစ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

အဆိုပါ စိန်ခေါ်မှုများနှင့် ကန့်သတ်ချက်များ တည်ရှိနေသည့်အကြားမှ အမျိုးသားညီညွတ်ရေး အစိုး ရအနေဖြင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ မကြာသေး မီက စစ်တပ်၏ ရက် စက်ကြမ်းကြုတ်မှုကြောင့် မသန်စွမ်းသူများ ဖြစ်လာခဲ့ရသူများ အပါအဝင် မသန်စွမ်းသူများကို ထောက်ပံ့ကူညီမှုများ ပေးအပ်နိုင်ရန် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြိုး ပမ်းဆောင်ရွက်မှုများအနက် မြေမြှုပ်မိုင်း၏ သားကောင်များအတွက် ခြေတုလက်တုများ တပ်ဆင် ပေးခြင်းလည်း ပါဝင်ကြောင်း သိရသည်။

 

အဓိကအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများသည် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုအား ကာကွယ်နိုင်ရန် စစ်တပ်မှအသုံးပြုသည့် ပေါက်ကွဲမှု ပြင်းထန်သော မြေမြှုပ်မိုင်းများအား ဖယ်ရှား နိုင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ အပါအဝင် ပြည်သူများအနေဖြင့် ဒုက္ခအခက်အခဲများ ကြုံတွေ့နေရ လင့်ကစား စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျရှုံးရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူ ထောင် ရေးအတွက် ပြတ်သားသော စိတ်ဓါတ်ဖြင့် ကြံ့ကြံ့ခံကာ ပူးပေါင်းပါဝင်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၊ ပြည်သူများ၏ အသက် အိုးအိမ် များအား ကာကွယ်ရေး ကြိုးပမ်းမှုများ၊ မသန်စွမ်းသူများနှင့်တကွ ပြည်သူတစ်ရပ်လုံး၏ အနာဂတ် အား ပြန်လည်ဆောင်ကြဉ်းပေးနိုင်ရေးနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးအား မြှင့်တင်ကာကွယ် ရေးတို့အတွက် ထိရောက်သော အကူအညီများ ပေးအပ်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုထားသည်။

 

အဆိုပါ ကွန်းဖရင့်တွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကော်မတီတွင် လစ်လပ်ရန်ရှိသော အဖွဲ့ဝင် (၉) ဦး နေရာများအတွက် ရွေးကောက်ပွဲ၊ အထွေထွေဆွေး နွေးမှု (General Discussion)၊ စကားဝိုင်းဆွေးနွေးပွဲ (Roundtable Discussion) (၃) ခုနှင့် အပြန်အလှန်ဆွေးနွေးမှု အစီအစဉ်တို့ ပါဝင်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *