Salin News

0 0
Read Time:3 Minute, 14 Second

စလင်းမြို့နယ်တွင် ၃ ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကြောင်းဦးဆောင်သူ အရာရှိတစ်ဦးအပါအဝင် အများအပြား ဒဏ်ရာရ၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၇၀ အဘွားအို တစ်ဦး သေဆုံး

 

D Day News

ဇွန်လ ၁၃

 

မကွေးတိုင်း ၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သား၊ ရဲ၊ ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ၃ ရက်ဆက် တိုက် တိုက်ပွဲဖြစ်ပြီး စစ်ကြောင်း ဦး ဆောင်သူ အရာရှိတစ်ဦးအပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ် ရင်းထံမှ သိရသည်။

 

ဇွန်လ ၅ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်က စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ် စစ်သား၊ ရဲ၊ ပျူစော ထီးပူးပေါင်း အင်အား ၇၀ ခန့်ဖြင့် သဖန်းညိုရွာဘက်မှ အနောက်ဘက်သို့ တက်လာချိန် ဆွယ်တယ် ရွာ၏ အနောက်ဘက်တောထဲအရောက် မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ည ၈ နာရီအချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၆ ရက် နံနက်ပိုင်းတွင် ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ကံချောက်ရွာ ၏ အရှေ့ ဘက် မှ ကံချောက်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကံချောက်ရွာမှ အ သက် ၇၀ အရွယ်အဖွား ၁ ဦး လက်နက်ကြီး အစထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့သို့ လက်နက်ကြီးပစ်ခတ်သည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကံချောက်ရွာ အဝင်၌ နံနက် ၇ နာရီခန့်က စတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ကာ အကြမ်းဖက်စစ်သားများအထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ဇွန်လ ၇ ရက်နေ့တွင် အကြမ်းဖက်စစ်သားများက စလင်းချောင်းအတိုင်း ထပ်မံ တက်လာသဖြင့် နံ နက် ၆ နာရီအချိန် ကစတင်ပြီး မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်နေစဉ်  ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက စစ်ကူရောက်လာသဖြင့် အသာစီးရယူတိုက်ခိုက်နိုင်ခဲ့ကာ ညနေ ၃ နာရီ အချိန်၌ အကြမ်းဖက်စစ်သားများ အထိနာပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း၊ စလင်းမြို့နယ် ပကဖ၊ SLN (PDF) ၊ မိုးကြိုးပျောက်ကြား၊ မကွေးခရိုင်တပ်ရင်း ၁၊ မကွေးတိုင်းလက်ရုံး Drone အဖွဲ့ နှင့် ဒေါင်းစစ်အောင်အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ ရက်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကြောင်းကို ဦးဆောင်လာသည့် ခလရ ၂၅၅ မှ အရာရှိ ၁ ဦး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *