Oak Phoe News

0 0
Read Time:3 Minute, 53 Second

အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု ၇ ဦး သေဆုံး

 

D Day News

ဇွန်လ ၁၃

 

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ဇွန်လ ၉ ရက်နေ့က Yoma GBK – PDF တပ်ဖွဲ့မှ သစ္စာဖောက်ကာ အကြမ်းဖက်စစ်ကောင်စီဘက်သို့ ကူးပြောင်းသွားသည့် ဆလိုင်းဦးဆောင်လမ်းပြမှုဖြင့် အုတ်ဖိုမြို့နယ်အပိုင် ဂမုန်းဆည်အနီးရှိ တာဝါ တိုင် ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ဇွန်လ ၁၂ ရက် နံနက် ၇ နာရီ မိနစ် ၄၀ အချိန်တွင် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ဝရုန်းသုန်းကာ ဖြစ်နေချိန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက် ပွဲ ၃ နာရီကျော်ကြာတိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးဘက် ကူးပြောင်းသွားတာက Yoma GBK -PDF က အသေးလေးနဲ့ ဆလိုင်းဆိုတဲ့ နှစ် ယောက်၊ သူတို့က စခဘက်ကနေ အသွင်ယူပြီး PDF ထဲရောက်လာတာ၊ သူက စခတွဘက် ရောက် သွားတော့ PDF စခန်းတည်နေရာကို လမ်းပြအနေနဲ့ ခေါ်လာတာ၊ မနေ့က မနက် ၈ နာရီမတ်တင်း လောက်မှာ ၅၆ ယောက်ပါတဲ့ စစ်ကြောင်းက တာဝါတိုင်ဘက်က မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုကထောင်ထားတဲ့ မိုင်းကွင်းထဲကို ဝင်လာတာနဲ့ အရင်မိုင်းဆွဲလိုက်တယ်၊ စခတွေ ဝရုန်းသုန်း ကားဖြစ်ပြီး အော်ဟစ်နေတဲ့အချိန် အပေါ်စီးကနေ နှစ်ဖက်ညှပ်ပစ်ကြတာ။” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း များဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် ဝိုင်းကျေးရွာရဲစခန်းလက်နက်ကြီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

“၁၁ နာရီလောက်မှာ စခတွေအထိနာလို့ ဝိုင်းစခန်းကနေ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ကူပေး လာလို့ ပြန်ဆုတ်ပေးလိုက်ရတာ၊ ၁၆ ဦးလဲကျတာမျက်မြင် အတည်နိုင်တယ်၊ ၇ ဦးသေတယ်၊ ၆ ဦး ဒဏ်ရာတယ်လို့ သိရတယ်၊ သေဆုံးသူထပ်တိုးနိုင်တယ်၊ လက်နက်ကြီးတစ်ခု ကျန်ခဲ့တယ်၊ စခတွေ က ဆေးတွေသုံးတဲ့ပုံပဲ။ မနေ့က သေတဲ့အထဲမှာတော့ သစ္စာဖောက်ပြီးလမ်းပြလုပ်တဲ့ ၂ ယောက် တော့ သေတဲ့အထဲမပါသေးဘူး” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ရင်းမှ တာဝန်ရှိသူ တစ် ဦးက ပြောဆို သည်။

 

အဆိုပါ တိုက်ခိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား တပ်ဖွဲ့-အုတ်ဖို မှ ဦးဆောင်၍ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Dragon GBK-PDF၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ YOMA GBK-PDF၊ တပ်ခွဲ ၅ ကြိုပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ နှင့် သာ ယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *