Maddayar News

0 0
Read Time:3 Minute, 46 Second

မတ္တရာမြို့နယ်တွင် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသော စစ် သား များကို တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ

 

D Day News

ဇွန်လ ၁၃

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ကာ ပြည်သူ ပိုင်ပစ္စည်းများကို ခိုးယူနေသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း ရတနာပုံတပ်ဦး ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၂ ရက် နံနက် ၃ နာရီခွဲခန့်က မတ္တရာမြို့မှ စတင်ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မတ္တရာမြို့နယ်၊ တောပုရွာဘန်ုးကြီးကျောင်းသို့ အရောက် နံနက် ၇ နာရီ ၂၃ မိနစ် အချိန်၌ ပြင်ဦးလွင် ခရိုင်ဒရုန်းတပ်ဖွဲ့(ရတနာပုံတပ်ဦး)မှ Fixed Wings Drone ဖြင့် ဗုံး သီး ၁ လုံး ကျဲချ၍ စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် အကြမ်းဖက်စစ်သားများသည် တောပုရွာ၌ လက်နက်ကြီးအထိုင်ချပြီး အနောက်ဘက်ရှိ‌ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးလာခဲ့သဖြင့် နယ်မြေခံပကဖ တပ် ရင်း တပ်ဖွဲ့များ၏ ညွှန်ကြားချက်အတိုင်း အကြမ်းဖက် စစ်သားများ လက်နက်ကြီး အထိုင်ချရာ နေ ရာသို့ ပြင်ဦးလွင် ခရိုင်ဒရုန်းတပ်ဖွဲ့(ရတနာပုံတပ်ဦး)မှ Fixed Wings Drone ဖြင့် နေ့လည် ၁၁ နာရီ တွင် တစ်ကြိမ် ၊ ၁၁ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ် ဗုံးသီး ၂ ကြိမ်ချ၍ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

တောပုရွာမှ အနောက်သို့ ထွက်လာသော အကြမ်းဖက်စစ်သားများနှင့် ငယ်တိုး သဖန်းဒေါင့်ဘက်မှ တက်လာသော အကြမ်းဖက်စစ်သားများသည် ရှင်လှတောင်ရွာရှိ ပြည်သူများ၏ နေအိမ်များကို စတင် မီးရှို့ကာ ပြည်သူပိုင် ပစ္စည်းများနှင့် ဆိုင်ကယ်များအား ခိုးယူ၍ တောပုရွာဘက်သို့ ပြန်ဆုတ် စဉ်  ကြိုတင်နေရာယူထားသော ပြည်သူ့ ကာကွယ်ရေးတပ်များနှင့် မိနစ်၂ဝ အကြာ ထိတွေ့မှု ဖြစ် ခဲ့ကြောင်း သိရသည်။

 

ထို့သို့ တိုက်ပွဲဖြစ်ပြီးနောက် တောပုရွာ ဘုန်းကြီးကျောင်းသို့ အကြမ်းဖက်စစ်သားများ ရောက်ရှိလာ စဉ် ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး)မှ ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ၁ လုံးမှာ ပစ် မှတ်နေရာကို တိတိကျကျ ကျရောက်ပေါက်ကွဲခဲ့ပြီးအကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှု များ ပြားနိုင်ကြောင်း ပြင်ဦးလွင်ခရိုင် ဒရုန်းတပ်ဖွဲ့ – ရတနာပုံတပ်ဦးတာဝန်ခံ ကိုကီရီက ပြောကြား သည်။

 

“စစ်ခွေးတွေ တောပုရွာမှာ ရှိနေမနေတော့ ဒီမနက်မသိရသေးဘူး။ အင်အားတွေလည်း တိုးနေတုန်း ရှိသေးတယ်၊ တိုက်ပွဲတွေကလည်း ဆက်ဖြစ်ဖို့ရှိတယ်၊ ခွေးသေထိခိုက်လည်း မသိရသေးဘူး။ ရင် ဆိုင်အနေအထားမလို့၊ ကျနော်တို့တပ်ဖွဲ့အနေနဲ့ ဒီလအတွင်း ဒရုန်း ၂ စီးရှိပြီ ပျက်ကျဆုံးရှုံးထားတာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

အဆိုပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြင်ဦးလွင်ခရိုင်ဒရုန်း တပ်ဖွဲ့ (ရတနာပုံတပ်ဦး) နှင့်အတူ မတ္တရာမြို့နယ်(ပကဖ) မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကျဲတိုက်ခိုက်မှုများအတွင်း Drone တစီး ပျက်ကျဆုံးရှုံးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *