KIA News

0 0
Read Time:2 Minute, 18 Second

ဆဒုံးမြို့ရှိ အကြမ်းဖက်စစ်တပ် ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိ (ရုပ်သံ)

 

D Day News

ဇွန်လ ၁၃

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအပါအဝင် ဝိုင်းမော် -ကန်ပိုက်တီလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီစခန်း ၁၈ ခုကို တပြိုင်တည်းသိမ်းပိုက်ရရှိခဲ့ ကြောင်း သိရသည်။

 

ဇွန်လ ၁၁ ရက်နေ့က ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်ကာ ဆဒုံးမြို့အပါအဝင် ဝိုင်းမော် – ဆဒုံး -ကန်ပိုက်တီလမ်း ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်း ၁၈ ခုကို သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ တိုက်ခိုက်သိမ်း ပိုက် လိုက်ပြီးနောက် ဇွန်လ ၁၂ ရက်နေ့ စစ်ကောင်စီ၏ ဆဒုံးဗျူဟာတပ်စခန်းကြီး၌ ကချင်အမျိုး သားအလံ လွှင့်ထူခဲ့ကြောင်း သိရသည်။

ဆဒုံးဗျူဟာတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗျူဟာမှူး အပါအဝင် တပ်သားအများ အပြား သေဆုံးသွားခဲ့ပြီး စစ်လက်နက်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မတ်လ ၇ ရက်နေ့မှ ယနေ့ ဇွန်လ ၁၃ ရက်နေ့အထိ စစ်ဆင်ရေးကာလအတွင်း KIA ဦးဆောင်သော တော်လှန်ရေးတပ်များက စစ်ကောင်စီ၏ အဓိက စစ်စခန်းကြီးများအပါအဝင် စခန်းပေါင်း ၁၂၅ ခုကို သိမ်းပိုက်ရရှိထားကြောင်း၊ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော လွယ်ဂျယ်မြို့၊ ဆင်ဘိုမြို့ ၊ ဆွမ်ပရာ ဘွမ်မြို့ ၊ ဆဒုံးမြို့၊ မြို့လှမြို့ အပါအဝင် မြို့ ၅ ခုကိုလည်း KIO က အပြည့်အ၀ ထိန်းချုပ်ထားကြောင်း သိရသည်။

 

မြစ်ကြီးနား၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊တနိုင်း၊ပူတာအို၊ဖားကန့်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူနှင့် ဝိုင်းမော်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ကချင်ပြည်နယ်အတွင်းရှိ လမ်းပန်းဆက် သွယ်ရေးနှင့် ကျေးလက်ဒေသများအားလုံးကို KIA က ထိန်းချုပ်ထားနိုင်ပြီဖြစ်​ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *