SAC News

0 0
Read Time:4 Minute, 21 Second

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်နှင့် ထိပ်တန်းစစ်ဗိုလ်ချုပ်များ၏ မိသားစုဝင်များက ဘန်ကောက်တွင် မြန်မာကျပ်ငွေ သန်းပေါင်း ၁ သောင်းကျော်တန်ဖိုးရှိကွန်ဒိုတိုက် ခန်းများ ဝယ်ယူထားပြီး NUG အစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ကာ တော်လှန်ရေး လွန် ကာလတွင် ပြည်သူပိုင်သိမ်းဆည်းမည်

 

D Day News

ဇွန်လ ၁၂

 

အကြမ်းဖက်စစ်ခေါင်းဆောင်၊ မင်းအောင်လှိုင်၏ သမီးခင်သီရိသက်မွန်နှင့် ထိပ်တန်းစစ်ဗိုလ်ချုပ်များ ၏ မိသားစုဝင်များက ဘန်ကောက်တွင် မြန်မာကျပ်ငွေ သန်းပေါင်း ၁ သောင်းကျော်တန်ဖိုးရှိ ကွန်ဒို တိုက်ခန်းများ ဝယ်ယူထားပြီး NUG အစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ့အနဖြင့် စုံစမ်းဖော်ထုတ်ကာ တော်လှန် ရေးလွန်ကာတွင် ပြည်သူပိုင်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ နှလုံးသည်းပွတ် အချက်အချာကျသော နေရာတစ်ခုဖြစ်သည့် Lang Suan လမ်းမကြီးပေါ်ရှိ Scope Lang Suan ကွန်ဒိုတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၏ သမီး ခင်သီရိသက်မွန် အပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုများသည် နာမည် အမျိုးမျိုးကို အသုံးပြုကာ ကွန်ဒိုတိုက်ခန်းများ ဝယ်ယူပိုင်ဆိုင်ထားကြကြောင်း NUG အစိုးရ ပြည်သူ့ရဲတပ်ဖွဲ့က စုံစမ်းထုတ်ပြန်ထားသည်။

 

Scope Lang Suan ကွန်ဒိုတွင် 1 Bedroom နှင့် 2 Bedroom ဟူ၍ အခန်းအမျိုးအစား ၂ မျိုး ရှိပြီး 1 Bedroom အမျိုးအစား၏ အကျယ်အဝန်းမှာ ၈၄ စတုရန်းမီတာ ဖြစ်ကြောင်း၊ အိပ်ခန်း ၁ ခန်း၊ ရေချိုး ခန်း ၁ ခန်း ပါဝင်ကာ တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ သိန်း ၅၄၀ ကျော် (မြန်မာကျပ်ငွေ သန်းပေါင်း ၆၄၀၀ ကျော်) ခန့်ရှိကြောင်း သိရသည်။

 

2 Bedroom အခန်းအမျိုးအစား ၏ အကျယ်အဝန်းမှာ ၁၅၄ စတုရန်းမီတာ ဖြစ်ပြီး အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၃ ခန်း ပါဝင်ကာ တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ သိန်း ၁၂၀၀ ကျော် (မြန်မာကျပ်ငွေဖြင့် သန်းပေါင်း ၁၄၀၀၀ ကျော် ခန့်ရှိကြောင်း သိရသည်။

အဆိုပါ Scope Lang Suan ကွန်ဒိုသည် ၂၀၂၃ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် အသစ်စက်စက် ကွန်ဒိုတစ်ခုဖြစ်ပြီး အိမ်ခန်းပေါင်း ၁၃၃ ခန်းပါသည့် ၃၄ ထပ်မြင့်ကွန်ဒိုတစ်ခုဖြစ်ကြောင်း သိရသည်။

 

ယင်းကွန်ဒို၌ ခင်သီရိသက်မွန်နှင့် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုများ အခန်းဝယ်ယူနိုင်ရန် Air China ၏ တရားဝင်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့ဖူးသူ ဒေါ်သန်းသန်းလေး၏ သမီး မြက အဓိက ကူညီပေးထားကြောင်း၊ မြ ၏ ဖခင်ဖြစ်သူမှာ ၁၉၉၂-၁၉၉၇ နဝတ အစိုးရလက်ထက်တွင် ဆက်သွယ် ရေး ညွှန်ကြားရေးမှူး (ကကဆက် ညွှန်မှူး) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော OTS 16 သင်တန်း ဆင်း ဗိုလ်မှူးချုပ်ဟောင်း စိန်လေး ဖြစ်ကြောင်း သိရသည်။

 

ယခု ကွန်ဒိုအခန်းများ ဝယ်ယူသည့်ကိစ္စတွင် မြ က ၁ စတုရန်းမီတာလျှင် ထိုင်းဘတ်ငွေ ၈ သိန်းနှုန်း ခန့်ဖြင့် အခန်းများ ဝယ်ယူနိုင်ရန် ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

ယခုကဲ့သို့ စစ်ရာဇဝတ်မှု ကျူးလွန်ထားသူများက ၎င်းတို့၏ လစာဝင်ငွေဖြင့် မည်သို့မျှ လက်လှမ်း မမီနိုင် သော တန်ဖိုးကြီးကွန်ဒိုအခန်းများကို ဝယ်ယူထားမှုနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ့ (People’s Police) အနေဖြင့် ဆက်စပ်ပတ်သက်နေသူများကို ဆက်လက် ဖော်ထုတ်ကာ မှတ်တမ်းတင်ထားပြီး တော်လှန်ရေးအလွန်ကာလတွင် တရားဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်း၊ ပိုင်ဆိုင်မှုများကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်းများ  ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *