Monywa News

0 0
Read Time:3 Minute, 29 Second

နမခ တိုင်းစစ်ဌာနချုပ်အနီးရှိ စစ်တပ်ကာကင်းစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂၀ ခန့် သေဆုံးပြီး ၅ ဦးလက်နက် ၉ လက်နှင်အတူ ဖမ်းမိ

 

D Day News

ဇွန်လ ၁၂

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ တပ်အနီးရှိ အကြမ်းဖက်စစ် ကောင်စီ၏ ကာကင်းရှေ့တန်းစခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သား ၂၀ ခန့်သေဆုံးပြီး စစ်သား ၅ ဦးအရှင်ဖမ်းမိခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ယမန်‌နေ့ဇွန်လ ၁၁ ရက် ညနေ ၅ နာရီခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ အနီး တစ် မိုင်ခန့်အကွာတွင် အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းကာ ကင်း စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခဲ့ရာ မိနစ် ၃၀ ခန့် အ ကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်စခန်းကို အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂၀ ခန့်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး ၅ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း၊ ကျန်အကြမ်းဖက်စစ်သားများမှာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

 

အကြမ်းဖက်စစ်သားများထံမှ လက်နက်ငယ် ၉ လက်၊ ကွန်မန်ဒို စိန်ပြောင်း တစ်လုံး၊ ၆၀ မမ ၅ လုံး၊ 79 ဗုံးသီး ၂ လုံး၊ 5.56 ကျည် ၁၃၃၀ တောင့် သိမ်းဆည်းရရှိခဲ့ကာ နမခ ဌာနချုပ်မှ အင်အား ၁၀၀ ခန့် စစ်ကူထွက်လာသဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် တိုက်နယ် ၁ ပကဖ (ချိုမိုင်မိုင်အဖွဲ့၊ နဂါးညီနောင်အဖွဲ့၊ ချင်းတွင်းတိုက်ဂါးအဖွဲ့၊ B2 Fighter အဖွဲ့၊ CT lPDF အဖွဲ့၊ ထန်းတပင်အဖွဲ့၊ K2 အဖွဲ့၊ ဒေါင်းလုလင် အဖွဲ့၊ သေမင်းတမန်အဖွဲ့) ယင်းမာပင်မြို့နယ် တိုက်နယ် ၁၀ ပကဖ  ဗိုလ်မုတ်ဆိတ်အဖွဲ့)၊ ယင်းမာ ပင်မြို့နယ် တိုက်နယ် ၉ ပကဖ ( ဗျတ္တညီနောင်အဖွဲ့၊ ဗိုလ်ထွန်းတောက်အဖွဲ့) ၊ ကနီမြို့နယ် တိုက် နယ် ၅ ပကဖအဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၇) B21 PDF ၊ ယင်းမာပင်ခရိုင် ဗျူဟာအမှတ် (၄၅) ‌KLG PDF ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၃၅ ) PDA ၊ ကျောင်းသားလက်ရုံးတပ်တော်၊ မုံရွာခရိုင် တပ် ရင်း (၁၃) AungSanGeneration၊ မုံရွာခရိုင် တပ်ရင်း (၁၄)၊ ချင်းတွင်း Brother LPDF နှင့်ဘုတလင် Mobile team တို့ ညီညွတ်စွာဖြင့် စနစ်တကျ စစ်ရေးစီမံချက်ရေးဆွဲကာ စုပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများမှာ တပ်သားနေထက်အောင်၊ တ်သားလွမ်းငြိမ်းသူ၊ တပ်သား သက် ထွန်းနိုင်၊ တပ်သား ရှိုင်းထက်အောင် နှင့်တပ်သား ဖြိုးထက်အောင်တို့ဖြစ်ပြီး ၎င်းတို့ကို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားရှိကာသက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံနိုင်ရေး ဆက်‌လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *