Karenni News

0 0
Read Time:6 Minute, 25 Second

ကရင်နီပြည် ကြားကာလ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များ(ရုပ်သံ)

 

D Day News

ဇွန်လ ၁၂

 

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေဖြင့် မြို့နယ် ၈ မြို့နယ်တွင် ဦးတည်ချက် ၅ ရပ် နှင့်အညီ ပြည်သူ့ကိုယ်စားလှယ်များ၊ အင်အားစုများ အားလုံးပါဝင်သည့် ပြည်သူ့အုပ်ချုပ်ရေး ယန္တရား ကို လည်ပတ်နေပြီဖြစ်ကြောင်း သိရသ်ည။

 

၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ကရင်ပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း နိုင်ခဲ့ပြီး မြို့နယ်အုပ် ချုပ်ရေး ကောင်စီနှင့် မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီတို့တွင် အဖွဲ့ဝင် (၇) ဦးမှ (၉) အထိဖွဲ့စည်းကာ ပြည်သူလူထုက ရွေးကောက်တင်မြောက်သည့် ပြည်သူ့ကိုယ် စား လှယ် (၄) ဦးမှ (၆) ဦးအထိ ပါဝင်သည့်အပြင် ဒေသတွင်း အခြေစိုက် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များမှ ကိုယ်စားလှယ် (၃) ဦးတို့ဖြင့် စုပေါင်းခေါင်းဆောင်မှု အုပ်ချုပ်ရေးယန္တရားကို လက်တွေ့ ကျင့်သုံး လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့ဝန်ဆောင်မှု ဌာနပေါင်း (၈) ခု ဖွဲ့စည်းပြီး ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍ အတွက် ကရင်နီပြည် ရဲဌာနခွဲ (KSP) ကို ဖွဲ့စည်းနိုင်ခဲ့ကာကရင်နီပြည်တစ်ဝှမ်း၌ ရဲစခန်း (၁၅) ခု၊ ရဲကင်း (၁၀) ခု တို့ကို တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ရဲဝန်ထမ်း အင်အားပေါင်း (၅၈၅) ဦးကို ဖြည့် တင်း ခန့်အပ် တာဝန်ပေးနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် အကုန်တွင် ရဲဝန်ထမ်းအင်အားပေါင်း (၁၀၀၀) ပြည့်မီ ရန် လျာထားကြောင်း သိရသည်။

ကျန်းမာရေးကဏ္ဍတွင် ကျန်းမာရေးဌာနကိုဖွဲ့စည်းပြီး ကရင်နီပြည်အတွင်းရှိ ကျန်းမာရေး အစုအဖွဲ့ များနှင့် ပူးပေါင်းကာ အခြေခံကျန်းမာရေး ဝန်ဆောင်မှုအပြင် ကုသရေးနှင့် ကာကွယ်ရေးလုပ်ငန်း များကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တစ်နှစ်တာ ကာလအတွင်း ကရင်နီပြည်တစ်ဝှမ်း၌ ဆေးခန်းပေါင်း (၆၀) ကျော်၊ ပြည်သူ့ ဆေးရုံ (၁) ရုံကို ဖွင့်လှစ်နိုင်ခဲ့ပြီး ယင်း ဆေးရုံ၊ ဆေးခန်းများ၌ ပြည်သူနှင့်တော် လှန်ရေး ရဲဘော်ပေါင်း (၅၀၀၀၀) ကျော်ကို ကုသမှုပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့အတူ ၂၀၂၃ – ၂၀၂၄ ခုနှစ်တွေ အတွင်းတွင် ကရင်နီပြည် အဝန်းအဝိုင်းအတွင်း ကလေးသူငယ် ပေါင်း (၇၀၀၀) ကို ကာကွယ်ဆေး နှစ်ကြိမ်ခွဲပြီး ထိုးနှံပေးနိုင်ခဲ့ကြောင်း၊ ကျေးလက်နေ ပြည်သူများ အနေဖြင့် ကျန်းမာရေးဝန်ဆောင်မှုများကို လက်လှမ်းမီစေရန်အတွက် ဆေးခန်းများကို တိုးချဲ့ခြင်း တို့အပြင် နယ်လှည့်ဆေးကုမှု လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသည့် မသန်စွမ်း ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအတွက် ခြေတုတပ်ဆင်ရေး၊ ခြေတုတပ်ဆင်ရေးဆိုင်ရာ အလုပ်ရုံနှင့် နည်းပညာဆိုင်ရာ သင်တန်းဖွင့်လှစ် ခြင်း၊ ၎င်းတို့အတွက် လစဉ် စားနပ်ရိက္ခာပံ့ပိုးမှုများစသည်တို့ကိုလည်း ကျန်းမာရေးဌာနမှ ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

 

ပညာရေးကဏ္ဍအနေဖြင့် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် သက်မွေးပညာဟူ၍ ကဏ္ဍ (၃) ခုဖြင့် အကောင်အထည်ဖော် လည်ပတ်လျက်ရှိပြီး အဆင့်မြင့် ပညာရေးကဏ္ဍတွင် လူငယ်များ ပညာရေး ကို အဆက်မပြတ် ဆည်းပူးနိုင်စေရန်အတွက် ကရင်နီပြည် ယာယီတက္ကသိုလ်ကောင်စီနှင့် လက်တွဲ ကာ ဝိဇ္ဇာတက္ကသိုလ်ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

 

အခြေခံပညာရေးကဏ္ဍတွင်လည်း မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် ပညာရေး ဘုတ်အဖွဲ့များနှင့် ချိတ်ဆက်ကာ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများတွင် ရှိသည့် အခြေခံပညာကျောင်းများကို ကူညီ ထောက်ပံ့တာခြင်း၊ ဆရာ/ဆရာမ (၃၅၀၀) ဦး အတွက် ထောက်ပံ့ကြေး ပံ့ပိုးခြင်း၊ ကိုယ်ထူ ကိုယ်ထကျောင်းများ ဖွင့်လှစ်နိုင်ရန်  ပံ့ပိုးခြင်းစသည်များကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

သက်မွေးပညာကဏ္ဍအနေဖြင့် သူနာပြုတက္ကသိုလ်နှင့် ဆေးကောလိပ် ဖွင့်လှစ်မှုများကို အသိအ မှတ်ပြု အားပေးမြှင့်တင်မှုများ ပြုလုပ်နိုင်ခဲ့ပြီး လက်မှု သက်မွေးပညာနှင့် ဆက်စပ်သည့် သင်တန်း ကျောင်းများကိုလည်း ပံ့ပိုးကူးညီနိုင်ခဲ့ကြောင်း၊ မျိုးဆက်သစ်လူငယ်များ အဆက်မပြတ် လေ့လာ ဆည်းပူး သင်ယူနိုင်ရန် ဖွင့်လှစ်ထားသည့် လူငယ်စွမ်းရည်မြင့် သင်တန်းကျောင်း (Alternative Schools)များကိုလည်း အသိအမှတ်ပြု အားပေးကူညီလျက်ရှိကြောင်း သိရသည်။

 

လူသားချင်းစာနာထောက်ထားရေးကဏ္ဍတွင်လည်း ရရှိလာသည့် ရန်ပုံငွေများဖြင့် အမှန်တကယ် လို အပ်နေများထံ အကူအညီများရောက်ရှိနိုင်ရန် လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ အကူအညီ ပေးရေးအဖွဲ့အစည်းများ၊ ဒေသအသီးသီးရှိ စစ်ဘေးရှောင်ကော်မတီများနှင့် ပူးပေါင်းဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

 

တစ်နှစ်တာ အတွင်း အရေးပေါ်တုံ့ပြန်မှု၊ စားနပ်ရိက္ခာ ဖြန့်ဝေမှုကို စစ်ဘေးရှောင်ဦးရေ (၁၅၀,၀၀၀) ထံသို့ ဖြန့်ဝေနိုင်ခဲ့သည့်အပြင်။ အရပ်သားကာကွယ်ရေးဆိုင်ရာ အသိပညာပေးမှုများ၊ အသက်ဆုံးရှုံး မှုနှင့် ထိခိုက်ဒဏ်ရရှိခဲ့သည့် အရပ်သားပြည်သူများ၏ မိသားစုဝင်များအတွက် တတ်နိုင်သမျှ ပံ့ပိုးမှု များ၊ သောက်သုံးရေရှားပါးမှုဒဏ်ကို ခံစားနေကြရသည့်  ပြည်သူများအတွက် ပံ့ပိုးမှုများစသည်တို့ကို လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *