Chaung U News

0 0
Read Time:2 Minute, 24 Second

ချောင်းဦးမြို့မရဲစခန်းနှင့်ထွေအုပ်ရုံးနှင့် ငါးယှန်ကျေးရွာရှိ စစ်တပ်ဂိတ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

ဇွန်လ ၁၂

 

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့မရဲစခန်းနှင့်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Sagaing District Drone Force-SDDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၁ ရက် နံနက် ၈ နာရီခန့်မှ ၈ နာရီ ၄၅ မိနစ်အချိန်အထိ အကြမ်းဖက်စစ်သား၊ ရဲ များတပ်စွဲထားရာ ချောင်းဦးမြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone ဖြင့် 1.5kg AIR BOMB ၁၀ လုံး ကျဲချတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၁ ရက် ညနေ ၆ နာရီမှ ၆ နာရီ မိနစ် ၃၀ အချိန်အထိ ချောင်းဦးမြို့နယ်၊ ငါယှန် ကျေးရွာ၌ ဂိတ်စခန်းဖွင့် တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone ဖြင့် 1.5kg AIR BOMB ၄ လုံး ကျဲချ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

 

“သူတို့ဘက်က လက်နက်ကြီးတွေ ၇ ချက် ၈ ချက်လောက်တော့ ပြန်ထုတယ်၊ ပြီးတော့ လက်နက် ငယ်တွေနဲ့လည်း ပြန်ပစ်တာမျိုးရှိတယ်၊ ရဲဘော်တွေအားလုံး ဘေးကင်းကြပါတယ်” ဟု Sagaing District Drone Force-SDDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုများများကို Sagaing District Drone Force-SDDFနှင့် ညီနောင်မဟာမိတ် တပ်ဖွဲ့များ ဖြစ်ကြသော စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း ၊ Chaung U People Defence Force- CHU PDF ၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း ၊ URBAN HUNTER FORCE(UHF) နှင့် Meikhtila Special defence Force တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *