Rakhine News

0 0
Read Time:7 Minute, 51 Second

သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၄ ဦးထက်မနည်းသေဆုံး၊ ၂၄ ဦးထက်မနည်းဒဏ်ရာကာ နေအိမ် အလုံး ၆၀ ထက်မနည်းပျက်စီး

 

D Day News

ဇွန်လ ၁၁

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်း၊ ဒရုန်း၊ လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၄ ဦးထက်မနည်းသေဆုံးကာ ၂၄ ဦးမနည်း ဒဏ်ရာ ရရှိပြီး နေအိမ် အလုံး ၆၀ ထက်မနည်းပျက်စီးခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်သည်။

 

ယမန်နေ့ ဇွန်လ ၄ ရက် နံနက် ၈ နာရီခန့်က သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ်က လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် လေ ကြောင်း ပေါင် ၅၀၀ ဗုံးသီးများကျဲချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲ ခြင်းတို့ကို ညနေ ၄ နာရီအထိ လုပ်ဆောင်ခဲ့ရာ ပြည်သူ ၁၄ ဦးထက်မနည်းသေဆုံး၊ ၂၄ ဦး ထက်မနည်းဒဏ်ရာကာ နေအိမ် အလုံး ၆၀ ထက်မနည်းပျက်စီးခဲ့ကြောင်း ရခိုင့်တပ်တော် – AA က စာရင်းထုတ်ပြန်ထားသည်။

 

“မနက် ၈ နာရီလောက်ကနေ နေဗီကနေ လက်နက်ကြီးနဲ့ စထုတာ။ အဲဒီအချိန်မှာ လူတွေက ရွာကို တော့ လက်နက်ကြီးပစ်ပြီးဆိုပြီး ပြေးတဲ့သူတယ်။ အလုပ်လုပ်တဲ့အချိန်ဆိုတော့ ချက်ပြုတ်စား သောက်နေကြတာ၊ ပြီးတော့ ၁၀ နာရီ ၄၅ လောက်ကစပြီး လေယာဉ် ဗုံးကျဲချတော့တာ။ အဲဒီအချိန် မှာ တော်တော်များများ ဒဏ်ရာရတာတွေရှိတယ်။ ကလေးငယ်လေး နားရွက်ပြတ်တာတွေရှိတယ်။ လူကြီးတွေ လက်ပြတ်သွားတာတွေရှိတယ်။ အဲဒီပထမအကြိမ်ဗုံးကျဲမှုမှာပဲ မဟေမာန်ဆိုတဲ့ အမျိုး သမီးက ခေါင်းပြတ်သွားတယ်၊ပထမဆုံးတစ်လုံးကျဲပြီးတာနဲ့ ဒဏ်ရာရတဲ့သူက ရ၊ ပြေးတဲ့သူက ပြေးပေါ့၊ အဲဒီအချိန်မှာတော့ လုံးဝ ကမ္ဘာပျက်သလိုပဲ အားလုံးပြေးကြရတာ။ ကျနော်တို့လည်း ပြေးတဲ့အထဲပါတာပေါ့နော၊ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ် တိုက်ခိုက်မှုအတွင်း ဆင်ခေါင်းရွာမှ ချောစုလှိုင် အသက် ၂၃ နှစ် ၊ ဦးသိန်းရွှေ အသက် ၅၈ နှစ် ၊ ဦးသာကျော် အသက် ၃၄ နှစ် ၊ ဒေါ်ခင်ဌေးဝင်း အသက် ၃၅ နှစ် ၊ ဦးအောင်ချစ်စိန် အသက် ၆၃ နှစ် ၊ ဦးသန်းအောင်ယောက္ခမ အသက် ၇၅ နှစ် ၊ ဦးအောင်ကျော်ဇော အသက် ၂၇ နှစ် ၊ ဒေါ်ဟေမာန်ဦး အသက် ၂၉ နှစ် ၊ ဒေါ်တင်တင် အသက် ၃၈ နှစ် ၊ ကိုမဲ အသက် ၂၇ နှစ် ၊ ကိုမောင်ပြည့်စုံ အသက် ၁၇ နှစ် ၊ မခင်သီရီကျော် အသက် ၁ နှစ် ၃ လ ၊ ဦးဌေးလင်း အသက် ၄၁ နှစ် နှင့် မောင်အေးနိုင်ဦး အသက် ၁၁ နှစ် တို့ သေဆုံးခဲ့ကြောင်း သိရသည်။

 

“ကျနော်တို့ နေ့ခင်း ၁၂ နာရီခွဲ ၁ နာရီလောက်ရောက်တော့ လှေပေါ်ရောက်တယ်၊ ရေထဲက ပြေးရ တာ၊ ကုန်းလမ်း က ပိတ်ထားလို့၊ ရေထဲကပြေးနေတဲ့အချိန်မှာပဲ လေယာဉ်က ထပ်ပြီးလာကျဲတယ်။ ရွာမှာ မပြေးနိုင် တဲ့ မသွားနိုင်တဲ့သူတွေ ကျန်ခဲ့တယ်။ ပြီးတော့ အိမ်တွေ၊ ဘာတွေစောင့်ဖို့အတွက် တချို့ယောက်ျား တွေကျန်ခဲ့တယ်။ ပထမ ဗုံးကျတဲ့နေရာနဲ့ ဝေးတဲ့ ရွာအလယ်ပိုင်းက လူတွေကျန်ခဲ့ တာပေါ့။ အဲဒီ တစ်နာရီခွဲ လောက်ကနေ ကျဲလိုက်တဲ့ အကျဲက မိုးချုပ်ထဲအထိပဲ၊လေယာဉ်နဲ့တောက် လျှောက်ကျဲ တာ။ နေဗီကလည်းထုတယ်။ နေဗီ ၆ စီးနဲ့” ဟု စစ်တပ်က ဗုံးကျဲခံရမှုကြောင့် ထွက်ပြေး တိမ်းရှောင်လာရသူ ဆင်ခေါင်းကျေးရွာနေ ပြည်သူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုအတွင်း ဆင်ခေါင်းရွာမှ ဦးဝင်းဌေး အသက် ၄၉ နှစ် ၊ ဒေါ်အေး သိန်းနု အသက် ၅၅ နှစ် ၊ မောင်ချစ်ဇော်ဖြိုး အသက် ၉ နှစ် ၊ ဒေါ်အေးအေးငြိမ်း အသက် ၄၃ နှစ် ၊ ဒေါ်ပုတင် အသက် ၇၀ နှစ် ၊ ဦးခင်ဝင်းမောင် အသက် ၃၉ နှစ် ၊ ဦးမောင်သိန်းဝင်း အသက် ၅၃ နှစ် ၊ ဦးထွန်းထွန်းနိုင် အသက် ၃၆ နှစ် ၊ ဒေါ်ဖြူဖြူဝင်း အသက် ၂၇ နှစ် ၊ မြင့်မြင့်ဝင်း အသက် ၁၉ နှစ် ၊ မောင်ခိုင်မင်းဦး အသက် ၇ နှစ် ၊ ဒေါ်သန်းသန်းစိုး အသက် ၅၄ နှစ် ၊ ဒေါ်ကြည်စင် အသက် ၈၈ နှစ် ၊ ဒေါ်ခင်ရီ အသက် ၅၁ နှစ် ၊ ဒေါ်စိုးဝင်းရီ အသက် ၃၁ နှစ် ၊ ဒေါ်စန်းစန်းဦး အသက် ၅၀ နှစ် ၊ မောင်ခင်ဇော် ယောက္ခမ ၊ မောင်ခင်ဇော် သား ၊ ဦးကလေး ၊ ငြိမ်းငြိမ်း ၊ ကက်ဆက်မ ၊ အောင်သန့် ၊ ဂွက်ထော် နှင့် စံသိန်း တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ဆင်ခေါင်းကျေးရွာသည် ပင်လယ် အဆုံးဘက်ရွာ တစ်ရွာ ဖြစ်ပြီး ပင်လယ်လုပ်ငန်းဖြင့် လုပ်ကိုင်စားသောက်ကြကြောင်း၊ တိုက်ပွဲတစ်ကြိမ်မျှ ဖြစ်ပွား ခဲ့ဖူး ခြင်းမရှိသည့်အပြင် လက်ရှိတိုက်ပွဲဖြစ်နေသည့် နေရာများနှင့်လည်း အလှမ်းကွားဝေးကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဆင်ခေါင်းကျေးရွာနေပြည်သူများက ရခိုင့်တပ်တော် – AA ကို ထောက်ခံသည်ဟု ဆိုကာ အငြိုးအတေးဖြင့် ယခုကဲ့သို့ တိုက်ခိုက်ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ဆင် ခေါင်းကျေးရွာနေပြည်သူများအပေါ် ခြိမ်းခြောက်ခြင်း၊ မတရားစစ်ဆေးခြင်း၊ သွားလာခွင့်ပိတ်ပင် ခြင်းများ တောက်လျှောက်လုပ်ဆောင်မှုရှိခဲ့ကြောင်း သိရသည်။

 

“ ရွာက အပျက်အစီး အဆုံးအရှုံကျနော်တို့ သိရ သလောက်ကတော့ စာသင်ကျောင်းမီး လောင်သွား တယ်။ စလေကုန်းပိုင်းတွေ၊ ရွာအလယ်ပိုင်းတွေ တော်တော်များများ ပျက်စီးသွားတယ်။ ပထမ အလုံးထက်နောက်အလုံးတွေက ပိုကြီးတယ်၊ ပေါင် ၅၀၀ တွေလို့ပြောတယ်၊ မီးလောင်တာတွေရှိ တယ်၊အပျက်အစီးများတာတွေရှိတယ်၊ လေယာဉ်နဲ့ တောက်လျှောက်တစ်ရွာလုံးနီးပါးကို ကျဲလိုက် တာ။ အခုတော့ ရွာသားတွေက အဲဒီရွာမှာ တစ်ယောက် မှမရှိတော့ဘူး။ အားလုံးကပြေးကုန်ကြပြီ။ တစ်ယောက်နဲ့ တစ်ယောက်လည်း အဆက် အသွယ်မရတော့ဘူး။” ဟု ဆင်ခေါင်းကျေးရွာမှ ထွက် ပြေးတိမ်းရှောင်လာရသူ ပြည်သူတစ်ဦးက ရှင်းပြသည်။

 

အကြမ်းဖက် စစ်တပ်၏ လေကြောင်း၊ လက်နက်များဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှုအတွင်း ဆင် ခေါင်းရွာမှ ပြည်သူပိုင် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း  ရခိုင့်တပ်တော် -AA ၏ ထုတ်ပြန်ချက်စာရင်း အရ သိရသည်။

 

အဆိုပါ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရှိသူများ ၏ အမည်စာရင်းများသည် ရခိုင် တပ်တော် မှ ရရှိထားသော စာရင်းများဖြစ်ပြီး ဆင်ခေါင်းရွာထဲတွင် မေးမြန်း အတည်ပြုရန် ရွာသူရွာသားများ မရှိ ခြင်းကြောင့် အတည်မပြုနိုင်သော သေဆုံးသူများရှိကြောင်း၊ ထို့ပြင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာ နေရာများကို ထွက်ပြေး တိမ်းရှောင်တိမ်းနေရခြင်းကြောင့် အတည်မပြုနိုင်သော ထိ ခိုက် ဒဏ်ရာ ရရှိသူများရှိနိုင်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *