Poem

0 0
Read Time:1 Minute, 35 Second

ကဗျာ ကဏ္ဍ “ပြည့်မေတ္တာ”

 

 

ပျိုးကြဲလက်

 

 

ဘယ်သူမွေးမွေး ၊ တို့ရင်သွေးဟဲ့

လူလေးတို့ရ ၊ စားကြစားကြ

စားကြပါကွယ့် ၊ ထည့်ကြကွယ့် ။

 

ဟဲ့ဟဲ့ငွေခင် ၊ အိမ်ထဲဝင်ကြည့်

မြင်မြင်သမျှ ၊ စားသုံးရလျှင်

ထုပ်ဟပိုးဟ ၊ ထည့်ပေးကြကွယ့် ။

 

ဒီမယ်ယောင်္ကျား ၊ တော့်မယားက

စိတ်အားထက်သန် ၊ တော်လှန်ရန်ဟု

နားပန်လက်ဝတ် ၊ အစုံချွတ်၍

မြေလွတ်ကုန်ပေါ့ ၊ လှူသတော့် ။

 

ထပ်လှူဖို့နော် ၊ ဆရာတော်နှင့်

တော်၏ဆေးဖိုး ၊ သည်နှစ်မျိုးသာ

ခြိုးခြံချွေတာ ၊ စုခဲ့ရာမှ

ကျုပ်မှာလက်ရှိ ၊ ပိုင်ဆိုင်၏ ။

 

ဆရာတော်က ၊ တို့ဒါနကို

ခေတ္တငြင်းဆန် ၊ လက်မခံဘူး

ပြည့်ရန်ကင်းဝေး ၊ ရပ်ရွာအေးမှ

ဖြည်းဖြည်းလှူကြ ၊ လာခဲ့ကြတဲ့ ။

 

ရေရှည်စွဲစား ၊ ခေတ်ဆေးဝါးလည်း

နား၍နဂို ၊ ဆေးမြီးတိုနှင့်

ငါ့ကိုကုသ ၊ ငွေပိုရလျှင်

လှူရတန်းရ ၊ တော်လှန်ကြမည်

တွေးဆလို့ပင် ၊ ကြည်နူးချင်၏

ငွေခင်ဝယ်ဟဲ့ ၊ ထုပ်ပိုးခဲ့ဟေ့ ။

 

ဟုတ်ကဲ့ပါတော် ၊ အားလုံးခေါ်ပြီ

ငယ်ဖော်ရောင်းရင်း ၊ သူငယ်ချင်းတို့

ချက်ခြင်းလာကြ ၊ လိုက်ခဲ့ကြဟေ့

မတထောင်ဘွား ၊ ဇာနည်များကို

စားရဝတ်ရ ၊ လွယ်ကူကြစေ

သွားရလာရ ၊ ချောမွေ့ကြစေ

တို့ကအားပေး ၊ ထောက်ပံ့ကျွေးမည်

စျေးဝယ်သွားစို့ ၊ သွားကြစို့ဟေ့ ။  ။

 

ပျိုးကြဲလက်

 

ရေးသားချိန် = ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက် ည ၁၁ နာရီ ၁၇ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *