ရခိုင်ပြည်နယ်တွင် AA တပ်ဖွဲ့၏ ချေမှုန်းခြင်းခံနေရသော စစ်သား၊ ရဲနှင့် ၎င်းတို့၏ မိသားစုဝင်များက ဗိုလ်ကြီး နေမျိုးဇင်ထံ အကူအညီတောင်း (ရုပ်သံ)
D Day News
ဇွန်လ ၁၁
ရခိုင်ပြည်နယ်တွင် ရခိုင့်တပ်တော် -AA ၏ ဝိုင်းပတ်ပိတ်ဆို့ချေမှုန်းခြင်းခံနေရသည့် အကြမ်းဖက် စစ်ကောင်စီတပ်သား၊ ရဲများ၊ ၎င်းတို့၏မိသားစုဝင်များက ဗိုလ်ကြီးဟောင်းနေမျိုးဇင်ထံအကူအညီ တောင်းခံထားကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့က အထက်ပါအကူအညီတောင်းခံစာများရရှိမှုထားမှုနှင့်ပတ်သက်၍ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ရုပ်သံ Video ဖိုင်ဖြင့် တင်ပြထားခြင်းဖြစ်သည်။
“အခု ကျနော့်ဆီကို မက်ဆေ့တွေတောက်လျှောက်ဝင်နေပါတယ်။ အဲဒါကတော့ ရခိုင့်တပ်တော် -AA ရဲ့ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက်ကြောင့် နောက်ဆုံးအချိန်ထွက်ပေါက်မရှိတော့တဲ့အတွက် ကြောင့် ကယ်ထုတ်ပေးဖို့တောင်းဆိုလားတဲ့ နယ်ခြားစောင့်ရဲအရာရှိတွေ၊ ရဲတပ်သားတွေ၊ ရဲတပ် ကြပ် ကြီးတွေ သူတို့ရဲ့မိသားစုဝင်တွေဆီက တောင်းခံလွှာတွေဖြစ်ပါတယ်။ သူတို့သားသမီးတွေ၊ သူ တို့တွေကို ကူညီကယ်တင်ချိတ်ဆက်ပေးဖို့။ သူတို့အစောကြီးကတည်းက လက်နက်ချချင်ပေ့မယ့် သူတို့အထက်အရာရှိဆိုတဲ့ သူတွေက နည်းပေါင်းစုံနဲ့ စောင့်ကြပ်ပိတ်ဆို့ထားလို့ ထွက်ပြေးလို့ အခွင့် မသာဘူးဆိုတဲ့ကြောင်း အခုတော့ ဝိုင်းပတ်ပိတ်ဆို့ခံထားရပြီးတော့ ထိပ်သီးပိုင်းဆိုတဲ့ ဗျူဟာမှူးတွေ တပ်မမှူးတွေကိုယ်တိုင် လက်နက်ချရင်ချ ၊ မချရင်သေတော့မယ့်အချိန်ရောက်ပြီဆိုတော့ သူတို့တွေ ကို ကယ်ထုတ်ပေးဖို့ ကျနော့်ကို အသနားခံလာပြီးတော့ အေအေခေါင်းဆောင်တွေကို ချိတ် ဆက် ပေး ဖို့ မေတ္တာရပ်ခံလာတဲ့ Video တွေ၊ စာတွေ၊ သူတို့မိသားစုဝင်တွေဆီကတောင်းခံလာတဲ့ စာတွေ တသီတတန်းကြီး ကျနော်ရရှိပါတယ်။” ဟု ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောကြားသည်။
ထို့အပြင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများ၏ မိသားစု ဝင်များကလည်း ဖမ်းဆီးခံရသူများ၏ ခင်ပွန်းများ၏ ကျန်းမာရေးအခြေအနေနှင့် ၎င်းတို့ကိုယ်တိုင် ခင်ပွန်းများနေထိုင်သည့် အနီးဆုံးနေရာတွင်လိုက်ပါနေထိုင်ခွင့်ပြုရန်နှင့် ထောင်ဝင်စာတွေ့ ခွင့်ပေး ရန် အကူအညီတောင်းခံစာများ ရရှိထားကြောင်း သိရသည်။
ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်းခံရမှုကြောင့် စစ်သုံ့ပန်းဖြစ်သွားသူများ ၏ မိသားစုဝင်များကို အကြမ်းဖက်စစ်ကောင်စီတပ်က လိုင်းခန်းတွင်နေထိုင်ခွင့်မပေးတော့ပဲနှင်ထု တ် ခဲ့ကြောင်း သိရသည်။
D Day News