Aung Lan News

0 0
Read Time:3 Minute, 33 Second

အောင်လံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အုပ်ချုပ်ကြီးအချို့နှင့်ပူးပေါင်းကာ ကျေးရွာအတွင်း ဝင်ရောက်ပြီး လူငယ်များကို အတင်းအဓမ္မဖမ်းဆီးကာ စစ်သားစု ဆောင်းနေ

 

D Day News

ဇွန်လ ၁၀

 

မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က အုပ်ကြီးအချို့နှင့် ပူးပေါင်းပြီး ကျေး ရွာအတွင်း ဝင်ရောက်ပြီးလူငယ်များကို အတင်းအဓမ္မဖမ်းဆီးကာ စစ်သား စုဆောင်းနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -အောင်လံမြို့ထံမှ သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ၎င်း၏ စစ်မှုမထမ်းမနေရ ဥပဒေအရ အောင်လံမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့် ၃၅ နှစ်အကြား လူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းလျက်ရှိကြောင်း၊

ထိုသို့ စုဆောင်းရန်အတွက် အောင်လံမြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား အသုံးချ လျက်ရှိရာ အချို့သော အုပ်ချုပ်ရေးမှူးများကမူ စစ်ကောင်စီနှင့်ပူးပေါင်း၍ တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်နေကြောင်း သိရသည်။

“ကနဦးသတင်းအရတော့ တိုက်နယ် ၆ ခုက အုပ်ကြီး ၂၆ ယောက်က တက်တက်ကြွကြွနဲ့ လုပ်နေ တယ်၊ အောင်လံမြို့တောင်ဘက်ခြမ်းက မြို့နဲ့ကပ်လျက်ရှိတဲ့ ရွာတစ်ရွာက တစ်ယောက်အဖမ်းခံရ တယ်။ ထွေအုပ်နဲ့လဝကပေါင်းပြီး ရွာတစ်ရွာအတွက် ထုတ်တဲ့စာရင်းကို အခြေပြုပြီး အုပ်ကြီး တွေ လက်ထဲအပ်လိုက်တယ်။ အဲဒီမှာ နယ်မြေခံ စခန်းနဲ့ပေါင်းပြီး စာရင်းထဲမှာပါတဲ့လူကို ရွာထဲဝင်ဆွဲတာ ပါ။” ဟု အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းပြီး လူငယ်များကို အတင်းအဓမ္မဖမ်းဆီးကာ စစ်သားအဖြစ် စု ဆောင်းနေသူ အုပ်ချုပ်ရေးမှူးများ၏ စာရင်းကို အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က မှတ်တမ်းရရှိထားပြီဖြစ်ပြီး ပြင်းထန်စွာ အရေးယူသွားမည့်အကြောင်း အသိပေးထားသည်။

 

“ရွာမှာ ရှိ၊ မရှိကို ဆိုင်ရာ အုပ်ကြီးနဲ့ အပေါင်းပါတွေပဲ သိတာ။ လူငယ်၊ လူလတ် ၂၅၀ ကနေ ၅၀၀ ကြား ရအောင်ဇွန်လအတွင်း စုမှာပါ။ တော်လှန်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်မတွေ့ရအောင် တော်လှန် ရေးအးကောင်းတဲ့ရွာတွေနဲ့ ဝေးတဲ့နေရာတွေကို အဓိက ပစ်မှတ်ထားပါတယ်၊ စကစခိုင်းတဲ့ အတိုင်း မလုပ်ချင်လို့ ထွက်ပြေးနေတဲ့ အုပ်ကြီးတွေ၊ စာရေးတွေလည်း ရှိတယ်လို့ ကြားထားတယ်၊ စာရင်း တော့ သေချာမသိရသေးဘူး” ဟု အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

 

အလားတူ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်း၍ အောင်လံမြို့ပေါ်ရှိ လူငယ်များအား လျှပ်တပြက် ဝင်ရောက်ဖမ်းဆီးခြင်း မပြုရန် အခြား ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို တားမြစ်လိုက်ပြီး တားမြစ် ချက်ကို လိုက်နာခြင်းမရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)က ယမန်နေ့ ဇွန်လ ၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *