Shan News

0 0
Read Time:7 Minute, 7 Second

နွေဦးတော်လှန်ရေး အရွေ့တွင် သျှမ်းလူငယ်များ တာဝန်ကျေစေရန်အတွက် “တိုင်း” လူငယ်ထု ညီလာခံကျင်းပပြီးစီး၊ ပူးပေါင်းဆောင်ရွက်သင့်သူတွေအားလုံးနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမည်

 

D Day News

ဇွန်လ ၉

 

နွေဦးတော်လှန်ရေးအရွေ့တွင် သျှမ်းလူငယ်များ တာဝန်ကျေစေရန်အတွက် “တိုင်း” လူငယ်ထု ညီလာခံကို ကျင်းပပြီးခဲ့ပြစီးခဲ့ပြီး ပူးပေါင်းဆောင်ရွက်သင့်သူအားလုံးနှင့်အတူ ပူးပေါင်းသွားမည် ဖြစ်ကြောင်း ညီလာခံ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

 

မေလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပထမအကြိမ် “တိုင်း”လူငယ်များ ညီလာခံကို ထိုင်း -မြန်မာ နယ်စပ် တနေရာတွင် ကျင်းပခဲ့ကြောင်း၊ ယင်းညီလာခံသို့ ပြည်တွင်း ပြည်ပ နေရာဒေသအသီးသီးမှ ကဏ္ဍအသီးသီး၌ ဆောင်ရွက်လှုပ်ရှားနေကြသည့် သျှမ်း လူငယ်နှင့် ကျောင်းသား အဖွဲ့အစည်းများ အပါအဝင် သျှမ်းလူထုအခြေပြုသည့် အရပ်ဘက်အဖွဲ့အစည်းများ စုစုပေါင်း အဖွဲ့ ၂၀ မှ လူငယ်များ စုပေါင်း တက်ရောက်ခဲ့ကြောင်း သိရသည်။

 

“သျှမ်းလူငယ်တွေအနေနဲ့ ဒီတော်လှန်ရေးအရွေ့မှာ တာဝန်ကျေဖို့ ကျမတို့ အတတ်နိုင်ဆုံးကြိုးစား ချင်လို့ ဒီညီလာခံကို ကြိုးစားလုပ်ရတာပါ၊ ပူးပေါင်းဆောင်ရွက်သင့်တဲ့သူတွေအားလုံးကို ပူးပေါင်း သွားဖို့ရှိပါတယ်” ဟု ညီလာခံကျင်းပရေး ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသည့် နိုင်ငံရေး၊ လူမှုရေး အခင်းအကျင်းများအကြား သျှမ်းလူထု၏ နေ့ စဉ်နှင့်အမျှ ကြုံတွေ့ခံစားနေရသည့် အခက်အခဲအကြပ်အတည်းများနှင့် စိန်ခေါ်မှုများကို ဝိုင်းဝန်း အဖြေရှာ ကျော်လွှားနိုင်ရန်အတွက်လည်းကောင်း၊ စုံလင်ကွဲပြားလှသည့် ပြည်နယ်ဒေသအသီးသီးရှိ သျှမ်း/တိုင်း လူငယ်များ၊ အစုအဖွဲ့များ အကြား ယုံကြည်မှုနှင့်ချိတ်ဆက်မှုများ အားကောင်းလာရန်၊ ရှမ်းအမျိုးသား နိုင်ငံရေးနှင့် လူမှုရေး ဆိုင်ရာ အကြပ်အတည်းပြဿနာများကို အဖြေရှာကြရာတွင် လူငယ်ထုတို့၏ အသံနှင့် ပါဝင်မှုများ အားကောင်းလာစေရန် နှင့် လူငယ်များ (သက်ဆိုင်ရာ ကဏ္ဍ အလိုက်) ရှေ့ဆက် အတူတကွ ချိတ်ဆက် လုပ်ဆောင်နိုင်မည့် လမ်းကြောင်းများ၊ မဟာဗျူဟာ/ နည်းဗျူဟာများ ထွက်ပေါ်လာနိုင်ရန် ရည်ရွယ်ကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းညီလာခံတွင်လူငယ်အဖွဲ့အစည်းများ၊ လူထု အခြေပြုအဖွဲ့အစည်းများမှ မိမိတို့နယ်ပယ်ကဏ္ဍ အသီးသီးတွင် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို တင်ပြခြင်း၊ ၄င်းတို့၏ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေးဆိုင်ရာ မျှော်မှန်းချက်နှင့် တိုက်တွန်း အဆိုပြုချက်များအား ဝေမျှဆွေးနွေးခြင်း၊ မိမိ တို့ လိုလားချက်၊ တောင်းဆိုချက် နှင့် မူဝါဒဆိုင်ရာ အကြံပြုချက်စာတမ်းများ တင်သွင်းခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင်ညီလာခံအတွင်း၌ သျှမ်းလူမှုနိုင်ငံရေးတွင် ဦးဆောင်နေကြသော အဓိကအစုအဖွဲ့များ ဖြစ် ကြသည့် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ နှင့် လူမှုရေး၊ ပညာရေး ကဏ္ဍများတွင် ဦးဆောင်လှုပ်ရှားနေကြသည့် အဖွဲ့အစည်းအား ဖိတ်ကြားကာ ၄င်းတို့၏ နိုင်ငံရေး၊ စစ်ရေး နှင့် လူမှုရေးဆိုင်ရာ လုပ်ဆောင်ချက်များ၊ ရပ်တည်ချက်များ၊ အနာဂတ်မျှော်မှန်းချက်များ၊ မူဝါဒများ (input)ကိုချပြခြင်း နှင့် အပြန်အလှန် ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ညီလာခံအတွင်း၌ နိင်ငံရေး/စစ်ရေး/တော်လှန်ရေး ဆိုင်ရာကဏ္ဍ ၊ နေရာဒေသအသီးသီးတွင် နေထိုင် ကြသော သျှမ်းအမျိုးသားများ စည်းလုံးညီညွှတ်ရေး၊ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ စုံလင်ကွဲပြား သည့် တိုင်းရင်းသား လူမျိုးများ အကြားအတူ ယှဉ်တွဲ နေထိုင်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သယံ ဇာတအရင်းအမြစ်ဆိုင်ရာကဏ္ဍ၊ လူ့အခွင့်အရေး နှင့် အမျိုးသမီးရေးဆိုင်ရာကဏ္ဍ စသည့် ကဏ္ဍ အ သီးသီး၏ မျှော်မှန်းချက် ၊ လိုလားချက်၊ တိုက်တွန်းတောင်းဆိုချက် တို့ကို အပြန်အလှန် တက်ကြွပွင့် လင်းစွာ ဆွေးနွေးဖလှယ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆွေးနွေးထားချက်များထဲမှ လက်ရှိအောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် တိုင်းလူငယ်ထု ညီလာခံ မှတဆင့် ကျန်ရှိနေသေး သော စုံလင်ကွဲပြားသည့် သျှမ်းလူငယ် အစုအဖွဲ့များ၊ နေရာဒေသအသီးသီး ရှိ သျှမ်း/တိုင်း လူငယ်များ အကြား နားလည်မှု၊ ယုံကြည်မှု နှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားနိုင်ရန်၊ သျှမ်း/တိုင်း လူငယ်အစုအဖွဲ့များအနေဖြင့် ကဏ္ဍအသီးသီးတွင် အ ချင်းချင်းထိရောက်စွာ ချိတ်ဆက် ညှိနှိုင်းမှုများ၊ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို အတူတ ကွ ဆက်လက် လုပ်ဆောင်သွားနိုင်ရန် အတွက် “platform/body” လမ်းကြောင်းတစ်ခု စီစဉ် ဖန် တီးနိုင်ရန်၊ လုပ်ငန်းစဉ်ကိစ္စရပ်များ ဆက်လက်ဆောင်ရွက်နိုင်ရန် နှင့် လူငယ်များအကြား ညှိနှိုင်း ချိတ်ဆက်မှုဆိုင်ရာ “body/platform” လမ်းကြောင်းတစ်ခု ထွက်ပေါ် လာနိုင်ရန်အတွက် တက် ရောက်လာကြသည့် အဖွဲ့အစည်းများ မှ မိခင်အဖွဲ့အစည်း ကိုယ်စားတာဝန် လွှဲအပ်ခံရသူ (focal person ) တစ်ယောက်စီ ပါဝင်သည့် အဖွဲ့ “Working group/team” အား သတ်မှတ် ထားရှိရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါသဘောတူညီချက်များအရ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့ကို ဆက် လက် ဖွဲ့စည်းခဲ့ကြပြီး စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး ၊ ဖက် ဒရယ်သျှမ်းပြည်ပြန်လည်ထူထောင်ရေး၊ သျှမ်း/တိုင်းလူငယ်ထု သွေးစည်းညီညွှတ်ရေးမှသည် သျှမ်း တစ်မျိုးသားလုံး သွေးစည်းညီညွှတ်ရေး ၊ သျှမ်းတစ်မျိုးသားလုံးလွှမ်းခြုံနိုင်သည့် ပညာရေးစနစ် တစ် ခုပေါ်ပေါက်ရေး ၊ လူ့အခွင့်အရေး၊ သဘာဝအရင်းအမြစ်နှင့် ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရေးတို့ ဟူ၍ ရပ်တည်ချက်၊ လုပ်ဆောင်ချက်နှင့်မူဝါဒများ ချမှတ်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *