Rakhine News

0 0
Read Time:1 Minute, 41 Second

ရခိုင်ပြည်နယ်-ဘင်္ဂလားဒေ့ရှ် – အန္ဒိယ နယ်စပ်ကုန်သွယ်ရေး စတင်နိုင်ခြင်းမရှိသေး (ရုပ်သံ)

 

D Day News

ဇွန်လ ၉

 

ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ် – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး စတင်နိုင်ခြင်းမရှိသေးကြောင်း ရခိုင့်တပ်တပ်တော် – AA ၏ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ က ပြောကြားသည်။

 

ဇွန်လ ၈ ရက်နေ့တွင် ကျင်းပသည့် အာရက္ခတပ်တော်၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထည့် သွင်း ပြောကြားခြင်းဖြစ်သည်။

“ယခုလက်ရှိမှာ တိုက်ပွဲတွေဖြစ်နေသေးတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးကို စတင်နိုင်ခြင်းမရှိသေး ပါဘူး။ တဖက်မှာ သောင်းကျန်းနေသောအဖွဲ့အစည်းတွေကလည်းရှိသေးတယ်။ လူပုဂ္ဂိုလ်အဖွဲ့အ စည်းအသီးသီးကလည်းနောက်ကွယ်ကနေ မြှောက်ထိုးပင့်ကော် လုပ်ဆောင်နေတာတွေရှိပါတယ်။ ပြသနာတစ်ခုကို မဖြစ်ဖြစ်အောင် ဖန်တီးလှုံဆော်နေတာတွေမှာ အတိုင်းအတာတစ်ခုအထိ ထိန်း ကျောင်းလုပ်ဆောင်နေနိုင်ပေမယ့် လုံခြုံစိတ်ချရတဲ့အနေအထား ရောက်မှာသာ ဒီကစ္စကို ဖြစ်လာ နိုင်မယ်လို့ သုံးသပ်ပါတယ်” ဟု ခိုင်သုခက ပြောကြားသည်။

 

ရခိုင့်တပ်တော် – AA အနေဖြင့် အန္ဒိယ – ဘင်္ဂလားဒေရှ့်နယ်စပ်မြို့များဖြစ်သည့် ပလက်ဝ၊ ဘူးသီး တောင်မောင်တောမြို့ကြီးများအပါအဝင် မြို့ပေါင်း ၁၁ မြို့ကို သိမ်းပိုက်ထိန်ချုပ်ထားပြီးဖြစ်သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *