Nahtogyi News

0 0
Read Time:3 Minute, 29 Second

နွားထိုးကြီးမြို့နယ်တွင် ပြည်သူနေအိမ်များကို မီးရှို့ပြီး ထွက်လာသော အကြမ်းဖက်စစ်တပ် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး

 

D Day News

ဇွန်လ ၉

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ပြည်သူ့နေအိမ်များကို မီးရှို့ပြီးထွက်လာသော အကြမ်းဖက် စစ်တပ် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျား တပ် ဖွဲ့ – မြင်းခြံထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၇ ရက် ညနေ ၆ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ဖောင်ချဉ်းကျေးရွာမှ မြို့သာရွာ ဘက်သို့ ကား ၂ စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား ၇၀ ခန့်ကို လမ်းခုလတ်တနေရာ၌ ပဒေသာမိုင်း ၇ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ မိုင်းကွင်းအလယ်တည့်တည့် သို့ ရောက်ရှိလာသည့် Canter ကားကို ထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၉ ဦးသေဆုံးကာ ၇ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပဒေသာမိုင်း ၇ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံးနဲ့ခွဲတာ၊ လက်ရှိအချိန်အထိ ဖောင်းချဉ်းရွာထဲမှာ ရှိသေး တယ်။ မနေ့ကတော့ ခွဲထွက်လာတာပေါ့။ အင်အား ၇၀ လောက်ကို ပြန်ခေါ်သွားတာ။ အခုလက်ရှိက ဖောင်ချဉ်းမြောက်ရွာ၊ တောင်ရွာရယ်။ ဆူးဖြူကုန်းကျေးရွာကို ဝင်ပြီးတော့ မွှေနေတယ်၊ သေနတ် ပစ်ဖောက်ပြီး ဝင်လာတာ။ ပစ္စည်း ပစ္စယ တွေယူ ဝင်မွှေနေတယ်၊ လောလောဆယ်တော့ ဝင်မွှေနေ တာပဲ သိရသေးတယ်။” ဟု နဂါးနီပြောက် ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဒဏ်ရာရ အကြမ်းဖက် စစ်သားများကို မြို့သာဆေးရုံတွင် တင်ပို့ကုသထားကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်သားများသည် နွားထိုးကြီးမြို့နယ်၊ နဘူးတော (တောင်) ရွာ ၊ နဘူးတော (မြောက်) ရွာ ၊ မကျည်းကုန်းကျေးရွာ၊ ဖောင်ချဉ်း (တောင်) ရွာ၊ ဖောင်ချဉ်း (မြောက်) ရွာ တို့မှ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးပြီ ပြည်သူပိုင် ရွှေ၊ ငွေများကို ခိုးယူနေသည့် စစ်သားများဖြစ် ကြောင်း သိရသည်။

 

“ဖောင်ချဉ်းမြောက်ရွာက ဒီနေ့ ထပ်ရှို့တယ်၊ အိမ်ခြေက ကုန်သလောက်သွားပြီ။ မကျည်းကုန်း က တော့ ၃၅ အိမ်လောက်ကုန်တယ်၊ ဒါကတခြမ်းပေါ့၊ မြောက်ဘက်တစ်ခြမ်းပေါ့၊ အိမ်ခြေ ၇၀ ၊ ၈၀ လောက်ရှိမယ့်ရွာပေါ့၊ ဖောင်ချဉ်းကလည်း ရွာက ကျယ်တော့ ဘယ်လောက်ကုန်တယ်မသိဘူး။ ရာ ဂဏန်းလောက်ကုန်တယ်၊ နဘူးတောက ရွာ ၃ ရွာရှိတာကိုး၊ အလယ်ရွာက တစ်အိမ်၊ တောင်ဘက် စွန်းရွာက ၁၃ အိမ်၊ နောက်ဆုံးရွာက ၃ အိမ် ရှို့ခံလိုက်ရတယ်၊ သူက အိမ်ခြေကလည်း အလှမ်းကျဲ တော့ ကူးစက်တာမရှိဘူး၊” နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *