Myaing News

0 0
Read Time:2 Minute, 29 Second

မြိုင်မြို့အထွက်ဂိတ်ရှိ စစ်သားများကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု စစ်သား၊ ပျူများ ထိခိုက်သေဆုံးမှုရှိ (ရုပ်သံ)

 

D Day News

ဇွန်လ ၉

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့အထွက်ရှိ အကြမ်းဖက်စစ်သားများကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူများ ထိခိုက်သေဆုံးမှုရှိကြောင်း မြိုင်ပကဖထံမှ သိရသည်။

 

ဇွန်လ ၆ ရက် ညနေ ၃ နာရီ အချိန်မှ စ၍ မြိုင်မြို့နယ်၊ ​မြိုင်မြို့၏ အ​ရှေ့ဘက် မန္တလေးလမ်း အထွက် ဂိတ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း တို့ဖြင့် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၈ နာရီအထိ ၅ နာရီအထိ အပြန်အလှန် ပစ်ခတ်တိုက် ပွဲကြာမြင့်ခဲ့ပြီး အ ကြမ်းဖက်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ဆားလင်းကြီးSSTF တို့မှ မြေပြင်မှ တိုက်ခိုက်ခဲ့ပြီး မြိုင် ပကဖ Drone Team ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (3) PDAF Shar Htoo Waw နည်း ပညာတပ်ဖွဲ့၏ Team (4) SSTF တို့က ဝေဟင်မှ ဗုံးသီးများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းဂိတ်တွင် အကြမ်းဖက် တပ်သား၊ ရဲ နှင့် ပျူ​​စောထီးတို့ အ​​​ခြေချနေထိုင်ကာ ဘန်ကာများ အကျ အန တည်ဆောက်ထားကာ RC ၃ ထပ် တိုက်ပေါ် တွင် ခံစစ်ပြု ထားကြောင်း၊ အဆိုပါ ဘန်ကာကို သည့်အတွက် SSTF အ​ဖွဲ့မှ  RPG ငါးချက်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

​တော်လှန်​ရေးကာလ ၃ နှစ်​ကျော်ကြာလသည်နှင့်အမျှ ပြည်သူများ အခက်အခဲဖြစ်ပေါ်နေသည်ကို နားလည်သော်လည်း ​တိုက်ပွဲ တစ်ပွဲဆင်နွှဲသည့်အခါတိုင်း လက်နက်ခဲယမ်း ကုန်ကျစရိတ်သည် လည်း များပြားလှသည့်အတွက် မိဘပြည်သူများအ​​နေဖြင့် ​တော်လှန်​ရေးမှာ ဆက်လက်ပါဝင်​ပေးကြပါရန် မေတ္တာရပ်ခံတောင်းဆိုထားသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *