Internet News

0 0
Read Time:4 Minute, 23 Second

တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင် အင်တာနက်ဖြတ်တောက်ခံထားရပြီး အကြမ်းဖက် စစ်အုပ်စု၏ ထိန်း ချုပ်မှုအောက်မှ ကင်းလွတ်သော နေရာများတွင် လွတ်လပ်သော အင်တာနက်ကွန်ယက် အစားထိုး တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်

 

D Day News

ဇွန်လ ၉

 

မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိသည့်အနက် ၁၃ ခုတွင် အင်တာနက်ဖြတ်တောက်ခံထား ရပြီး အကြမ်းဖက် စစ်အုပ်စု၏ ထိန်း ချုပ်မှုအောက်မှ ကင်းလွတ်သော နေရာများတွင် လွတ်လပ် သော အင်တာနက်ကွန်ယက် အစားထိုး တည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း NUG အစိုးရ ထုတ်ပြန်သည်။

 

အကြမ်းဖက်စစ်အုပ်စုက တိုင်းပြည်အာဏာကို မတရားလုယူရန် ကြိုးစားခဲ့ပြီးသည့်နောက်ပိုင်း မြန် မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက် ဖြတ်တောက်ပိတ်ဆို့ခံရမှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်လာ ပြီး တိုင်းနှင့် ပြည်နယ် (၁၄) ခုအနက် (၁၃) ခုတွင် အင်တာနက် ဖြတ်တောက်ခံရမှုများနှင့် ရင်ဆိုင် နေရကာ မြို့နယ်ပေါင်း (၈၀) ကျော်မှာလည်း အင်တာနက် ပိတ်ဆို့ခံရမှုများနှင့် ဆက်လက် ရင်ဆိုင် နေရကြောင်း သိရသည်။

 

ယခုအခါ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထု ကြုံတွေ့နေရသော အထွေထွေစီးပွားရေး အကျပ်အတည်း၊ စိုးရိမ်ထိတ်လန့်မှုများနှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စိတ်ပိုင်း ဆိုင်ရာ ထိုးနှက်မှုများ၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို ဖုံးကွယ်နိုင်ရန်အတွက် သတင်းသိပိုင်ခွင့် ကန့်သတ်ခြင်း၊ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ခြင်း၊ အင်တာနက်ပိတ်ဆို့ ခြင်းနှင့် ဖြတ်တောက်ခြင်းများကို လက်နက်သဖွယ် အသုံးပြုလာနေသည်ဟု ဆိုသည်။

ထို့အပြင် အကြမ်းဖက်အုပ်စုသည် ပြည်သူအများသုံးစွဲနေသော ကမ္ဘာသုံး လူမှုကွန်ယက် စာမျက်နှာ ဖြစ်သည့် Facebook ကို ပိတ်ပင်ကာ သုံးစွဲသူ၏ တည်နေရာနှင့် ဖုန်းနံပါတ်များ၊ ဖုန်းအတွင်းရှိ ဆက် သွယ်ရန်နံပါတ် (Contact) များ၊ စာတို (SMS message) များကို ဝင်ရောက် ဖတ်ရှု သိရှိနိုင်သော၊ သုံးစွဲသူ၏ ကင်မရာကို ဝင်ရောက် အသုံးပြုနိုင်သော၊ Application ကို မသုံးစွဲသည့် အချိန်တွင်ပင် သုံးစွဲသူ၏ ဒေတာအချက်အလက်များကို သိရှိနိုင်ရန် ရည်ရွယ်ထားသော လူမှုကွန်ယက်စာမျက်နှာ တခုကို တီထွင်၍ ပြည်သူလူထု၏ ပုဂ္ဂလိကဆိုင်ရာလုံခြုံမှု (Privacy) ကို အတိအလင်း ချိုးဖောက်ရန် ကြိုးစား လာသည်ကို တွေ့ရကြောင်း NUG အစိုးရ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု၏ အခြေခံလူ့အခွင့်အရေးများကို ကန့်သတ် ချုပ်ချယ် ပိတ်ဆို့ရန်ကြိုးစားသည့် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များကို အပြင်းအထန်ရှုတ်ချပြီး အကြမ်းဖက် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သောနေရာများတွင် လွတ်လပ်သော အင်တာနက်ကွန်ယက် အစားထိုး တည်ဆောက်နိုင်ရေး ဆက်လက်၍ ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

 

တိုင်းရင်းသားပြည်သူအများ၏ နိုင်ငံသားအခွင့်အရေး၊ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသိပိုင်ခွင့် စသည်တို့ကို ပြန်လည် ရယူထိန်းသိမ်းနိုင်ရန်မှာ အကြမ်းဖက်စစ်အာဏာရှင်စနစ် ကို အမြန်ဆုံး အမြစ်ဖြတ်နိုင်ရေးက အဓိကကျသည့်အတွက် နိုင်ငံတကာ အသိုက် အဝန်းအနေဖြင့် လည်း လက်ရှိဆင်နွှဲနေသော တော်လှန်ရေးကို ယခုထက် ပိုမို ထောက်ခံအားပေး ပံ့ပိုး ဆောင်ရွက် ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ – NUG က တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *