တန့်ဆည်မြို့နယ်၊ ရွာသစ်ရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သား၊ ပျူများကို ဗုံးကျဲ တိုက်ခိုက်မှု နာမည်ကြီးပျူခေါင်းဆောင် ညွန့်ခိုင်အပါအဝင် ပျူစောထီး ၆ ဦး သေဆုံး (ရုပ်သံ)
D Day News
ဇွန်လ ၈
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွာသစ်(ဝါးရငယ်) ကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ တန့်ဆည်မြို့နယ်မှ နာမည်ကြီးပျူစောထီးခေါင်းဆောင် ညွန့်ခိုင်အပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း Infinity Group ထံမှ သိရသည်။
မေလ ၃၁ ရက် ညနေပိုင်းက တန့်ဆည်မြို့အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ ရွာသစ် (ဝါးရငယ်)ကျေး ရွာဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူများကို ဒေသကာကွယ်ရေးတပ်ဖွဲ့ များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တန့်ဆည်မြို့နယ်တွင် နာမည်ကြီးနေသော ပျူခေါင်းဆောင် ညွန့်ခိုင်အပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း သိရဿည်။
အဆိုပါ တိုက်ခိုက်မှုကို PEER TO PEER-P2P ဒရုန်းအဖွဲ့၊PRS LDFနှင့် တန့်ဆည်မြို့နယ်အခြေစိုက် ရွှေဘိုခရိုင်တပ်ရင်း ၁၀ တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသည် ပျူခေါင်းဆောင် ညွန့်ခိုင်သည် တန့်ဆည်မြို့နယ် ကာပေါင်းကျရွာသားဖြစ်ပြီး ၂၀၂၁ ခုနှစ် အစောပိုင်းကာလက စစ်ကောင်စီအတွက် အလုပ်လုပ်ပေးသဖြင့် ကျေးရွာမှ ထွက်ပြေး တိမ်းရှောင်ရကာ ကန့်ဘလူပျူခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝနှင့်ပူးပေါင်း၍ တန့်ဆည်မြို့နယ်အရှေ့ခြမ်း မူးမြစ်ကမ်းဘေးကျေးရွာများကို ပျူအားကောင်းစေရန် အဓိကကြိုးကိုင်ခဲ့သူတစ်ဦးဖြစ် ကြောင်း သိရသည်။
ပျူခေါင်းဆောင် ညွန့်ခိုင်သည် တန့်ဆည်မြို့နယ်နှင့်ကန့်ဘလူမြို့နယ်အစပ် ကဘဲကျေးရွာ၌အခြေချ ကာ စစ်ကောင်စီ၏ နယ်မြေရှင်းလင်းရေးစစ်ကြောင်းနှင့်အတူလိုက်ပါလေ့ရှိပြီး နေအိမ်များမီးရှို့ခြင်း ၊ စစ်ရှောင်ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပစ္စည်းလုယက်ခြင်းများအား စိတ်ပါလက်ပါကျူး လွန်လျက်ရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။
D Day News