Poem

0 0
Read Time:1 Minute, 13 Second

ကဗျာကဏ္ဍ “အာဏာရှင်နိဂုံး”

 

ပျိုးကြဲလက်

 

လက်ဝယ်အာဏာ ၊ ရှိခဲ့ပါမူ

ဥစ္စာဂုဏ်သိန် ၊ ရောင်ဝါထိန်၍

စိန်ကျောက်ပမာ ၊ ဘုန်းလျှံဖြာမည်

ဝမ်းသာပီတိ ၊ ဂွမ်းဆီထိ ။

 

ဘုရင်တမျှ ၊ သမ္မတ၏

စလွယ်ရင်ဖုံး ၊ ဆင်ယင်ထုံးက

ချစ်မုန်းမလို ၊ ဘာမဆိုစေ

ငါ့ကိုယ်ကျိုးရှိ ၊ လုပ်ရဲ၏ ။

 

မုဒိမ်းဓားပြ ၊ လူသတ်မှသည်

စောရလုယက် ၊ မီးရှို့ဖက်ကို

ကွန်ချက်ပြပေး ၊ မူးယစ်ဆေးနှင့်

လူ့သွေးနင်းလျှက် ၊ ပလ္လင်တက်သော် ။

 

ပလ္လင်ထက်မှာ ၊ ပြည့်အာဏာက

လေဟာနယ်လား ၊ တိမ်စိုင်သားသို့

ဝေဝါးချုပ်ပျောက် ၊ တစ္ဆေခြောက်ပြီ

ငါရောက်ခဲ့ရာ ၊ နန်းတော်သာလည်း

အာဏာဆိတ်သုဉ်း ၊ ပြည်သူမုန်း၏ ။

 

ပြည်သူ့အာဏာ ၊ မပိုင်ရာကို

ငါ့မှာမျှော်ကိုး ၊ ဖလံမျိုးသို့

ကိုယ်ကျိုးနည်းရ ၊ လောင်မီးကျသည်

ဘဝနိဂုံး ၊ အမှောင်ဖုံး၍

ပျောက်ဆုံးရပြီ ၊ ရှုံးရပြီတကား ။  ။

 

ပျိုးကြဲလက်

ရေးသားချိန်  – မြန်မာစံတော်ချိန် ည ၁၁ နာရီ မိနစ် ၃၀

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *