KIO News

0 0
Read Time:5 Minute, 15 Second

ကမ်းပိန်းမှ ရရှိလာတဲ့ငွေများသည် ပြည်သူအားလုံးအတွက် တန်ဖိုးမဖြတ်နိုင်သည့်ရလာဒ်များဖြစ် လာမည်ဟု ဗိုလ်မှူးကြီးနော်ဘူပြော (ရုပ်သံ)

 

D Day News

ဇွန်လ ၈

 

ချစ်ခြင်းတည်စေ မနောက်မြေ ကမ်းပိန်းမှ ရရှိလာသည့် အလှူငွေများသည် ပြည်သူအားလုံးအတွက် တန်းဖိုးမဖြတ်နိုင်သည့် ရလာဒ်များ ဖြစ်လာမည်ဟု ဗိုလ်မှူးကြီးနော်က ပြောကြားသည်။

 

ယနေ့ ဇွန်လ ၈ ရက်နေ့တွင် “ချစ်ခြင်းတည်စေ မနောမြေ” ကမ်းပိန်းပါဝင်သူ မိဘပြည်သူများကို ကျေးဇူးတင်စကားပြောကြားရာတွင် ဗိုလ်မှူးကြီးနော်ဘူ က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“တော်လှန်ရေးဆိုတာကတော့ ခက်ခဲတဲ့လမ်းကြီးဖြစ်ပါတယ်။ ပန်းခင်းတဲ့လမ်းမဟုတ်ဘူးဆိုတာ အားလုံး လည်းသိပြီးသားဖြစ်ပါတယ်။ စစ်ကောင်စီက စစ်ရှုံးတဲ့ဘက်ပြနေတာကို သူတို့လည်း သိ တယ်။ ဒါကြောင့် သူတို့ဘက်က တုန့်ပြန်နိုင်အောင် ကြိုးစားနေတဲ့အနေအထားမှာရှိတယ်လို့ ပြော ချင်ပါတယ်။ သူတို့ကလေပေါ်ကနေတိုက်ခိုက်၊ လက်နက်ကြီးနဲ့ပစ်ခတ်၊ ရန်သူရှိ ၊မရှိမရှိ ဘာမှ မဆိုင်ဘူး။ ပြည်သူလူထုရှိတာသိလျက်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာ ကျနော်တို့ အားလုံး တွေ့မြင်နေရပါတယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

 

ပြည်သူလူထုများ၊ လူငယ်များအနေဖြင့် ပန်းတိုင်ရောက်ရှိသည်အထိ မလျော့သောဇွဲ၊ လုံ့လ ဝရိယဖြင့်ရှေ့ဆက်ကြရဦးမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် စစ်ရေးသတင်းများကို အမြဲနား စွန့်ထားရန်လိုအပ်ကြောင်း၊ ယခုအချိန်ကာလသည် အားလုံးစည်းလုံးညီညွတ်စွာဖြင့် လုပ်ဆောင် ကြရမည့်အချိန်ဖြစ်ကြောင်း ၎င်းက ဆက်လက်တိုက်တွန်းထားသည်။

“ဘာပဲဖြစ်ဖြစ်ပေါ့ မရောက်သေးတဲ့ပန်းတိုင်ရောက်အောင် လူငယ်တွေ၊ ပြည်သူလူထုတွေ မလျော့ သော ဇွဲ အပြည့်အဝနဲ့ရှေ့ဆက်ဖို့အရေးကြီးပါတယ်။ ဒီအောင်ပွဲကို ကျနော်တို့ရအောင် ကျနော်တို့မှာ တာဝန်ရှိပါတယ်။ နောက်ဆုတ်လို့မရဘူး၊ အောင်ပွဲရတဲ့အချိန်မှာလည်း လက်တွဲပြီးမှ ကျနော်တို့ ရှေ့ ဆက် သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ စစ်ရေးသတင်းတွေကို အမြဲတမ်းနား ထောင် ဖို့အရေးကြီးပါတယ်။ စောင့်ကြည့်နေဖို့အရေးကြီးပါတယ်။ လူငယ်၊လူရွယ်တွေက လည်း ရပ် နေလို့မရဘူး။ ရှေ့ဆက် တိုးပြီးမှ ဒီတော်လှန်ရေးကြီးကို လုပ်ဆောင်ရမယ့်အချိန်ကာလဖြစ်ပါတယ်။ အားလုံးကတာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။” ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

 

မတ်လ ၇ ရက်နေ့ကစတင်ခဲ့သည့် စစ်ဆင်ရေးသည် အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာမြောက် စခန်းများ၊ တပ်ရင်းများ သိမ်းပိုက်နိုင်မှုရှိခဲ့ပြီး ယင်းအောင်မြင်သည် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များ၊ PDF တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“အောင်မြင်မှုဆိုတာကတော့ ရှိသင့်သလောက်ရှိပါတယ်၊ ဒါပေမယ့် မပြီးဆုံးသေတဲ့အတွက် ရှေ့ ဆက်လုပ်ဆောင်ရမယ့်တာဝန်ကတော့ ကျနော်တို့တာဝန်ပဲဖြစ်ပါတယ်။ မတ်လ ၇ ရက်နေ့က စခဲ့တဲ့တော်လှန်ရေးခရီးစဉ်မှာ စစ်ကောင်စီရဲ့ အရေးကြီးတဲ့ ဗျူဟာမြောက်တဲ့စခန်းတွေ တပ်ရင်း တွေ အားလုံးပေါင်း ၁၀၀ ကျော်သိမ်းနိုင်ပါတယ်။ ဒါပေမယ့် အဲဒါကပြီးတာမဟုတ်ပါဘူး။ တခြား တိုင်းရင်းသားတော်လှန်ရေးတွေ၊ PDF တွေလက်တွဲပြီးမှ အောင်မြင်မှုကို ရရှိတာဖြစ်ပါတယ်။ ဆက် ပြီး တော့မှလည်း ကျနော်တို့ကြိုးစားဖို့လိုပါတယ်လို့ ပြောလိုပါတယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

 

ချစ်ခြင်းတည်စေမနောမြေကမ်ပိန်းကို ပါဝင်ပေးကြသည့် မြန်မာပြည်တဝှမ်းမှ ပြည်သူလူထုများ၊ နိုင်ငံတကာရောက်ပြည်သူလူထုများအပေါ်ကျေးဇူးတင်ရှိပါကြောင်း၊ ကမ်းပိန်းမှ ရရှိသည့် ရလဒ် သည် ပြည်သူလူထုအတွက် တန်ဖိုးမဖြတ်နိုင်သည့် ရလဒ်ကောင်းများထွက်လာမည်ဟု ပြောကြားလို ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

 

“ပါဝင်ကြတဲ့ ကူညီကြတဲ့ နိုင်ငံတဝန်းမှာရှိတဲ့၊ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကျနော်တို့တော်လှန်ရေးအဖွဲ့ သား တွေအားလုံး၊ ပြည်သူထုအားလုံး၊ အနုပညာရှင်တွေအားလုံး အထူးကျေးဇူးတင်ရှိပါတယ်။ နောက်နောင်မှာပါဝင်အားဖြည့်ကြဖို့မေတ္တာရပ်ခံလိုပါတယ်။ ဒီကမ်ပိန်းက နေရရှိလာတဲ့ ရလဒ်တွေ က ကျနော်တို့အတွက် အရေးကြီးတဲ့ တန်ဖို့မဖြတ်နိုင်တဲ့ ရလဒ်တွေဖြစ် မယ်လို့ ပြောလိုပါတယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *