Ye Phyu News

0 0
Read Time:2 Minute, 19 Second

ရေဖြူမြို့နယ်၊ ခမရ ၄၀၈ တပ်ရင်းအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရ

 

D Day News

ဇွန်လ ၇

 

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ခမရ ၄၀၈ တပ်ရင်း အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် ထံမှ သိရသည်။

 

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က တော်လှန်ရေး ပူးပေါင်းတပ်များမှ ထားဝယ်အမှတ် ၈ ပြည်ထောင်စု လမ်းမကြီး၌ နယ်မြေလုံခြုံရေးအတွက် ခရီးသွားယာဉ်များကို စစ်ဆေးရေး ဆောင်ရွက်စဉ် နာရီဝက် ခန့်ကြာပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၀၈ အတွင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ် ခတ်ခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၀၈ တပ်ရင်း အ တွင်းသို့ ၄၀ မမ ၄ လုံး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်သားများ နေထိုင် ရာ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် – DNLA၊ ကော်သူးလေအာမီ – KTLA နှင့် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – S.B.L တို့မှ ပူပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်များဖက်မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင် ခဲ့ကြောင်း သိရသည်။

 

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့်၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်ကို စစ်ရေးအရှိန် မြှင့် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေ စစ်ရေးသတိ၊ အသိရှိကာ သွားလာ နေထိုင်ပေးကြပါရန် အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *