NUG News

0 0
Read Time:3 Minute, 9 Second

နိုင်ငံတကာအနေဖြင့် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် အကြမ်းဖက်စစ် ကောင်စီကို ထိရောက်သည့် အရေးယူပေးရန် NUG တောင်းဆို

 

D Day News

ဇွန် ၇

 

နိုင်ငံတကာအနေဖြင့် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် အကြမ်းဖက်စစ် ကောင်စီအား အရေးယူပေးရန် NUG အစိုးရ တိုက်တွန်းတောင်းဆိုထားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က စာသင်ကျောင်းများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက် နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများတွင် တပ်စွဲခြင်းတို့သည် ကမ္ဘာ့ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီဆုံးဖြတ်ချက်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း NUG အစိုးရ ထောက်ပြထားသည်။

 

စာသင်ကျောင်းများကို စစ်ရေးအခြေစိုက်စခန်း အဖြစ်အသုံးပြုခြင်းနှင့် ပစ်မှတ်ထား တိုက်ခိုက် ဖောက်ခွဲနေခြင်းစသည့် အကြမ်းဖက် တရားမဲ့ လုပ်ရပ်များကို လုပ်ဆောင်သည့် မည်သည့်အဖွဲ့ အစည်း ကိုမဆို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း NUG အစိုးရက ပြောဆိုသည်။

 

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ထိခိုက်ခံစားနေရသည့် ကလေးသူငယ်များအတွက် နိုင်ငံတကာ အနေဖြင့် ထိရောက်အကျိုးရှိသော တားဆီးအရေးယူမှုများကို ဆောင်ရွက်ပြီး ကလေးသူငယ်များ အတွက် လုံခြုံစွာ ပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသောကျောင်းများ ပေါ်ပေါက်လာစေရေး အ တွက် ဆောင်ရွက်ပေးရန် အထူးလိုအပ်နေကြောင်း တိုက်တွန်းတောင်းဆိုထားသည်။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း၍ ဖက် ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက် တွဲ၍ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

ဇွန်လ ၄ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်း ကျောင်းဝင်းအတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၃ ဦးသေဆုံးကာ ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အလားတူ ဇွန်လ ၅ ရက်နေ့တွင် မြိုင်မြို့နယ်၊ ကံမြင့်ကုန်းဘုန်းကြီး ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကြား နေသည့် စစ်ဘေးရှောင် ကလေးငယ်အပါအဝင် ၄ ဦးထက် မနည်း သေဆုံးပြီး ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *