နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက် ခိုက် မှု ဘုန်းကြီး ၁ ပါးအပါအဝင် ၃ ဦးဒဏ်ရာရ၊ ဘုန်းကြီးကျောင်းပျက်စီး
D Day News
ဇွန်လ ၇
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးတစ်ပါးအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ဘုန်း ကြီးကျောင်းပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၆ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်ခန့်က နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းအရှေ့ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက် ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းလုံးဝပျက်စီးသွားပြီး ဘုန်းကြီးတစ်ပါး ဆီးခုံတွင် ဗုံးစထိမှန်ဒဏ်ရာနှင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကျဲသွားတာ ၄ လုံးကျဲသွားတာ၊မပေါက်ကွဲတဲ့ တစ်လုံးကျလည်း ကျန်နေသေးတယ်။ ဘုန်းကြီး ကျောင်း ကိုပဲ ကျဲချသွားတာ။ ဘုန်းကြီးက ပျံလွန်တယ်လို့ ကြားပေမယ့် အတည်ပြုလို့မရသေးဘူး။ ဆီးခုံထိသွားတယ်ဆိုတာတော့ သေချာတယ်။ ဘာတိုက်ပွဲမှာ မဖြစ်ပဲနဲ့ ကျဲသွားတာ။ မကျဲခင် အရင် ရက်တွေကတော တိုက်ပွဲတွေဖြစ်တာရှိတာပေါ့” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
D Day News