AA News

0 0
Read Time:9 Minute, 23 Second

မောင်တောမြို့နယ်ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်းနှင့် နယ်ခြားစောင့်တပ်စခန်း အမှတ် ၉ တို့ကို သိမ်းပိုက်ရရှိ

 

အမ်း၊ သံတွဲနှင့်မောင်တောမြို့နယ်တို့အတွင်း တပတ်တာ တိုက်ပွဲများအတွင်း ရေနစ်သေဆုံးသည့် အကြမ်းဖက်စစ်သားများအပါအဝင် ၅၀၀ ကျော်ရှိ

 

D Day News

ဇွန်လ ၈

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ် စခန်း၊ အင်းဒင်စခန်းနှင့် နယ်ခြားစောင့်တပ်စခန်း အမှတ် ၉ တို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း ရခိုင့်တပ် တော် – AA က ထုတ်ပြန်သည်။

 

ဘူးသီးတောင်မြိုရှိ ရန်သူစစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်ပြီး သည့် နောက် ဘူးသီးတောင်နှင့် နယ်မြေချင်းကပ်လျက်ရှိသော မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန် စခန်းများထဲမှ အချို့ကို ဇွန်လ ၂ ရက်နေ့မှစတင်၍ အာရက္ခတပ်တော်သည် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂ ရက် ညနေ ၅ နာရီတွင် “တာဝါတိုင်စခန်း” ကိုလည်းကောင်း၊ ဇွန်လ ၃ ရက် နံနက် ၅ နာရီ မိနစ် ၄၀ အချိန်တွင်  “ကျောက်ပန္ဒူစခန်း” ကို လည်းကောင်း အပြီး သတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဇွန်လ ၄ ရက် နံနက် ၅ နာရီအချိန်တွင် “ခွဆုံပြင်စခန်း” ဇွန်လ ၄ ရက် နံနက် ၇ နာရီအချိန် တွင် “မြင်းလွှတ်စခန်း” ၊ ဇွန်လ ၆ ရက် နံနက် ၉ နာရီအချိန်တွင် “အင်းဒင်စခန်း” (သိုမဟုတ်) “နခခ (၆) စခန်း” ၊ ဇွန်လ ၇ ရက် မွန်းလွဲ ၃ နာရီအချိန်တွင် “နခခ (၉) စခန်း” တို့ကို အပြီးသတ် သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီ၏ ဘူးသီးတောင်၊ မောင်တောရှိစခန်းများမှ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက် နေသည့် စစ်ကောင်စီတပ်ဖွဲဝင်များအား လိုက်လံရှင်းလင်းလျက်ရှိသည်အပြင် အခြားသော လက် ကျန်စခန်းများဖြစ်သော “နခခ(၄)” ၊ “မောရဝတီ” ၊ “အလယ်သံကျော်” ၊ “နားခေါင်းတိုစခန်း” များ အပါအဝင် တခြားလက်ကျန်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရခိုင့်တပ်တော်က အသိပေးထားသည်။

 

သိုဖြစ်ပါ၍ အဆိုပါစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စောစီးစွာလက်နက်ချအညံ့ခံ ပါက အသက်အန္တရာယ်ကင်းဝေးမည်ဖြစ်ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်သတိပေးထား သည်။

အာရက္ခတပ်တော်မှ ဘူးသီးတောင်မြို့ကို မသိမ်းပိုက်မီ ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့၊ မွန်းတည့် ၁၂  နာရီက မောင်တောမြိုအတွင်းသို့ ဝင်ရောက်နိုင်သည့် ကုန်းလမ်းများကို ပိတ်ဆိုထားခဲ့သည့်အပြင် အချို့သောတံတားများကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ဖျက်ဆီးထားခဲ့ကြောင်း၊ မေလ ၆ ရက်နေ့တွင် “လဘော်ဇားတံတား” ၊ မေလ ၇ ရက်နေ့တွင် “ကံကျမြောက်ရွာတံတား” ၊ မေလ ၈ ရက်နေ့၌  ၃ မိုင် တံတား” ၊ “သံတံတား”နှင့် “ရွာသစ်ကေ တံတား” တို့ကို မိုင်းခွဲဖျက်ဆီးခဲ့ ကြောင်း သိရသည်။

 

မောင်တော၏ အထက်ဖော်ပြပါနေရာများအပြင် အခြားနေရာများ၌လည်း တိုက်ပွဲများဆက်လက် ဖြစ်ပွား လျက်ရှိပြီး ၎င်းတိုက်ပွဲများအထဲမှ ဇွန်လ ၃ ရက် မွန်းလွဲ ၁ နာရီခန့်အချိန်တွင် မောင်တော မြို့ မြောက်ပိုင်း၊ သာယာကုန်းရွာမြောက်ဘက် မီတာ ၂၀၀ ခန့်အကွာတွင် စစ်ကောင်စီ၏ မောင် တောမြို့၊ (၄) မိုင်၊ နခခ (၂) မှ စစ်ကြောင်းတစ်ခုနှင့် အာရက္ခတပ်တော်တို့ကြား ၁ နာရီခန့်ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိနာပြီး နောက်ဆုတ်သွားခဲ့သော်လည်း ဇွန်လ ၄ ရက်၊ နံနက် ၈ နာရီ အချိန်မှ ညနေ ၃ နာရီ အထိ ထပ်မံတိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားရာ သာယာကုန်းရွာ ပတ်ဝန်းကျင်မှ ရွာသား ၅ ဦးကို လူသား ဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဖမ်းဆီးခံရသူများအနက် သာယာကုန်းရွာမှ ဦးမောင်လှသန်းတစ်ဦးတည်းသာ ပြန်လည်လွတ် မြောက်လာခဲ့ပြီး သာယာကုန်းရွာမှ ဦးထွန်းနုစိန်၊ ဦးလှထွန်းနှင့် မကျည်းကုန်းရွာမှ ဦးဒူးရီနှင့် ဦးလှ သိန်း တို့မှာ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

 

ထိုအတူ ယမန်နေ့ ဇွန်လ ၇ ရက်နေ့တွင်လည်း သာယာကုန်းရွာပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက် လက် ပြင်းထန်နေခဲ့ပြီး မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၂၀၀) ခန့်အကွာရှိ တောင်ကုန်းနှင့် မြောက်ဘက်မီတာ (၂၀၀) ခန့်အကွာရှိ တောင်ကုန်းနှစ်ကုန်း၌ အထိုင်ချထားသော စစ်ကောင်စီ၏ စစ်စခန်းနှစ်ခုတို့ကို နံနက် ၁၁ နာရီ မိနစ် ၅၀ ချိန်မှစ၍ ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ယင်း ကာကင်းစခန်းနှစ်ခုသည် နခခ (၂) ၏ ကာကင်းစခန်းများဖြစ်ပြီး လွန်ခဲ့သောနှစ်ရက်ကတည်း ကပင် ဝိုင်းရံပိတ်ဆိုထားကာ စခန်းအတွင်းရှိ အကြမ်းဖက်စစ်သားများမှာ မောင်တောမြို့ဘက်ရှိ သီဟိုဠ်ခြံ နှင့် နခခ (၂) ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်သား အလောင်း  အချို့၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် သံတွဲမြို့နယ်၊ ဒေါ်ပွဲခုံကျေးရွာ၏ အနောက်မြောက်ဘက် (၃) ကီလိုမီတာအကွာအဝေး နှင့် ဂေါ့တ် (Gawt) တောင်တန်းအနီး၌ တိုက်ပွဲများဖြစ်ခဲ့ပြီး ပင်လယ်ပြင်ရှိ စစ်သင်္ဘော ၃ စီးပေါ်မှ လက်နက်ကြီး ပစ်ကူ အမြောက်ပစ်ခတ်သည့်အပြင် စစ်ကောင်စီ၏ ရေတပ် အကြမ်းဖက်စစ်သားများဖြင့် အသည်းအခံခုခံကာကွယ်ခဲ့ကြောင်း၊ ထို့အပြင် လေကြောင်းမှ လည်း ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ အထိအခိုက်၊ အကျအဆုံးများစွာဖြင့် ကစဉ့် ကလျား ထွက်ပြေးကြပြီး သံတွဲ၊ ဂေါ့ ပတ်ဝန်းကျင်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ Speed Boat တစ်စီးကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားအလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်း၊ စစ် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက် စစ်သား များကိုလည်း ကမ်းခြေတစ်လျှောက် လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

 

ဤတိုက်ပွဲဖြစ်ပွားနေသောနေရာများသည် သံတွဲ၊ ငပလီ (မဇင်) လေယာဉ်ကွင်း၏ အနောက် မြောက်ဘက် (၂.၆) ကီလိုမီတာနှင့် (၆.၅) ကီလိုမီတာခန့်သာ ကွာဝေးကြောင်း သိရသည်။

 

ထိုအပြင် အမ်းမြိုနယ်အတွင်းတွင်လည်း စစ်ကောင်စီ၏ တောဟိန်းတောင်စခန်းအား အပြီးသတ် သိမ်းပိုက် ရယူနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိပြီး တောဟိန်းတောင်ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ကြောင်း သိရသည်။

 

ဇွန်လ ပထမအပတ်အတွင်း တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၄၀၀ အထက် သေဆုံးခဲ့သည် ကို ထိုးစစ်အတွင်း မျက်မြင်နှင့် ဖမ်းဆီးရရှိထားသော စစ်ကောင်စီတပ်သားများ၏ ထွက်ဆိုချက် များအရ သိရှိပြီး အဆိုပါ သေဆုံးသူများထဲတွင် တိုက်ပွဲအတွင်းမှ ထွက်ပြေး၍ ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူများ ပါဝင်ကြောင်း သိရသည်။

 

အလားတူ အမ်း၊ သံတွဲဘက် တိုက်ပွဲများအတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲဝင် (၁၀၀) ဦးထက် မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

 

လက်နက်ခဲယမ်းအမြောက်အမြားနှင့်အတူ စစ်ကောင်စီသုံပန်းအမြောက်အမြားကို ဖမ်းဆီးရမိခဲ့ပြီး တစ်ပတ်တာ ထိုးစစ်များအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည် တော်များ၊ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြသော စစ်သည်တော်များကို အာရက္ခတပ်တော်၊ စစ်ရုံးချုပ်မှ လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ရခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *