Maddyar News

0 0
Read Time:3 Minute, 8 Second

မတ္တရာမြို့နယ်တွင် အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူး အပြောင်းအရွှေ့စဉ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား၁ ဦး သေဆုံး၊ ကားတစ်စီးနှင့်ကျည်ဆံများ သိမ်းဆည်းရရှိ (ရုပ်သံ)

 

D Day News

ဇွန်လ ၆

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေတပ်မှ တပ်ရင်းမှူး  အ ပြောင်းအရွှေ့ ပြုလုပ်ရန် အိမ်စီးကားဖြင့် ထွက်လာစဉ် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁ ဦး သေ ဆုံးပြီး ကားတစ်စီးနှင့်ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၄ ရက်နံနက် ၈ နာရီ ၂၇ မိနစ်အချိန်က မတ္တရာမြို့နယ် ၊ မတ္တရာဆည်တော်လမ်းပိုင်း၌ အင် ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေတပ်မှ ဗိုလ်ကြီး နိုင်လင်း၊ တပ်ရင်းမှူး ၁ ဦး၊ တပ်သား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး လိုက်ပါလာသော 4 wheel ကားကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး နိုင်လင်း၌ ညာဘက်ဂျိင်းအောက်၊ လက်နှင့်ညာဘက်ခန္ဓာကိုယ် ပြင်းထန်ဒဏ်ရာ၊ တပ်ရင်းမှူးတွင် ခြေထောက်တစ်ချောင်းလုံး ပွင့်ထွက်ဒဏ်ရာနှင့်တပ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ကားကို ထားကာ ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးသွားပြီးနောက် ကိုးပြွန်ရွာအနီး အသင့်စောင့်ဆိုင်းနေသော အကြမ်းဖက် စစ်တပ် စစ် ကြောင်းထံသို့ ရောက်ရှိသွားရာ ထိခိုက်ဒဏ်ရာရရှိထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ဗိုလ်ကြီး နိုင်လင်းမှာလည်း လက်မောင်းရိုးပြုတ်ထွက် အပြင်းအထန်ဒဏ်ရာများဖြင့် ရေနံ့သာကျေးရွာအတွင်း၌ ဆေးကုသမှုခံယူခဲ့‌ေကြောင် သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ်၊ တိုက်နယ် ၃ မိုးကြိုးစစ်ကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ချန်ထားခဲ့သော ကားကို သိမ်းဆည်းခဲ့ကာ ကားပေါ်မှ 5.56 ×41 ကျည် ၄၂ တောင့် ၊ ဓါး ၁ ချောင်း ၊ ကျည်ဘောက် ၁ ခု ၊ လက်ထိပ် ၁ ခု ၊ သနပ်ခါးတုံး ၆ တုံး ၊ နို့ဆီဗူး ၄ ဗူး ၊ ငါးရံ့ခြောက်များနှင့် ငွေကျပ် ၄၂၀၀၀ ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

တပ်ရင်းမှူးပြောင်းရွှေ့စဉ် PDF တပ်ဖွဲ့များ၏ တိုက်ခိုက်ခံရမည်ကိုကြောက်ရွှံသဖြင့် ကိုးပြွန်ရွာ၌ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းတစ်ကြောင်း၊ စလေရွာ၌ အင်အား ၃၀ ခန့်ပါ စစ်ကြောင်းတစ် ကြောင်းတို့ အထူးလုံခြုံရေးယူကာ ပြောင်းရွှေ့ခဲ့သည့် ကြားမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးယူ ပေးသည့်အကြမ်းဖက်စစ်ကြောင်းတစ်ကြောင်းဖြင့်လည်း အနည်းငယ်တိုက်ပွဲဖြစ်ခဲ့သေးကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *