မင်္ဂလာဒုံမြို့၊ အနန်းပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်မှု ထိခိုက်မှုရှိ
D Day News
ဇွန်လ ၅
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီလက်အောက်ခံ တပ်သား၊ အုပ်ချုပ်ရေးမှူးများ ထိခိုက်မှုရှိကြောင်း Noka – UG တပ်ဖွဲ့ ထံမှ သိရသည်။
ယနေ့ ဇွန်လ ၄ ရက် ည ၇ နာရီ မိနစ် ၄၀ အချိန်က မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးကို ပြင်းအားဖြင့် အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီ လက်အောက်ခံတပ်သား၊ အုပ်ချုပ်ရေးမှူးများ ထိခိုက်မှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Noka – UG မြို့ပြ ပြောက်ကျားရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Noka – UG ရဲဘော်များ အနေဖြင့် မြို့ပြပြောက်ကျား စစ်ဆင်ရေးကို အရှိန်မြှင့်တင်ကာ အကြမ်းဖက် စစ်တပ် ထောက်တိုင်မှန်သမျှ ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်း ဖက်စစ်ကောင်စီနှင့် ပတ်သက်သည့် နေရားများနှင့် အနည်းဆုံး မီတာ ၅၀ အကွာအဝေးမှ ရှောင်ရှား သွားလာကြပါရန် မေတ္တာရပ်ခံထားသည်။
D Day News