NUG News

0 0
Read Time:6 Minute, 9 Second

စစ်ကောင်စီကတော့ စစ်ရေးကျင့်ဝတ်ဆိုတာကို စာရင်းထဲမှာတောင် ထည့်မထားပဲ အရပ်သား ပြည်သူလူထုအပေါ် အလုံးအရင်းဖြင့် သတ်ဖြတ်ကာ ရက်စက်ကြမ်းကြုတ်ယုတ်မာနေ ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလ ပြော

 

D Day News

ဇွန်လ ၅

 

အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေးကျင့်ဝတ်ကို စာရင်းထဲတောင်ထည့်မထားပဲ အရပ်သား ပြည်သူလူထုအပေါ် အလုံးအရင်းဖြင့် သတ်ဖြတ်ကာ ရက်စက်ကြမ်းကြုတ်ယုတ်မာနေဟု  NUG အစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

ဇွန်လ ၄ ရက်နေ့က ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၇ / ၂၀၂၄ အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“စစ်ရေးအရ ရှုံးနိမ့် နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားပစ်မှတ်နဲ့ စစ်ရေးပစ်မှတ်ကို ထပ် တူ ချပြီး လုပ်ဆောင် နေတဲ့ ကိစ္စကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ သိနားလည် အောင် တွန်းတွန်းတိုက် တိုက် အသိပေးကြဖို့ကိစ္စပဲ ဖြစ်ပါတယ်။ အခုအခြေအနေမှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရပ်သားနဲ့ စစ်ရေးပစ်မှတ်ကို ရောထွေးပြီး အရပ်သားပြည်သူ လူထု တွေကို အလုံးအရင်းသတ်ဖြတ်နေတဲ့ ကိစ္စဟာ အင်မတန်မှ ရက်စက်ကြမ်းကြုတ် ယုတ်ညံ့တာတွေ့ ရပါတယ်။ ဒါ့အပြင် အခုအခြေအနေဟာ စစ်ကောင်စီကို အသက်ရှုပေါက် ကျပ်စေရုံလောက်ပဲ တတ် နိုင်တဲ့ ပိတ်ဆို့အရေးယူ ဒဏ်ခတ်တာလောက်နဲ့ တင်းတိမ်နေရမယ့် ကိစ္စမဟုတ်သလို၊ စွတ်စွဲပြစ်တင် ရှုံ့ချရုံလောက်နဲ့လည်း လုံလောက်တဲ့ကိစ္စ မဟုတ်တော့ပါဘူး။” ဟု NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားသည်။

ပြည်တွင်း တော်လှန်ရေးအင်အားစုအားလုံးက အကြမ်းဖက်စစ်ကောင်စီကို ခုခံတော်လှန်နေချိန်တွင် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများက မြန်မာပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသား ရပ်ခံကြရန် အထူးလိုအပ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ပြည်သူနှင့် အတူ ခုခံတော် လှန်ရေး လှုပ်ရှားမှုများကို အကျယ်ပြန့်နိုင်ဆုံးအထိ မြှင့်တင်လုပ်ဆောင်နေကြောင်း၊ ထို့အပြင် ဒေသ တွင်းနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပူးပေါင်းပါဝင်မှု အထူးလိုအပ်နေကြောင်း နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက အသိပေးထားသည်။

 

ယခုရက်ပိုင်းအတွင်း ရက္ခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အကြမ်းဖက် စစ် ကောင်စီ၏ လက်အောက်ခံတပ်များက အရပ်သား ပြည်သူလူထုကို အစုလိုက်အပြုံလိုက် ရက်စက် စွာ သတ်ဖြတ်နေကြောင်း၊ အရပ်သားများကို လေကြောင်းမှ နေ့စဥ်ဗုံးကျဲ သတ်ဖြတ် နေမှုသည် အင်မတန်မှ ယုတ်ညံ့လွန်းကြောင်း နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

 

“အကြမ်းဖက်စစ်တပ်ရဲ့ နှိပ်စက်မှုမျိုးစုံကို ကျွန်တော်တို့ဟာ ပြည်သူတွေဘက်ကနေ အစွမ်းကုန် ခုခံ ကာကွယ်နေသလို၊ နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေ ကို ဟန့်တားနိုင်တဲ့ လုပ်ဆောင်ချက်တွေ အလျင်အမြန် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ခုခံတော်လှန်ရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်တဲ့အခါ လူသားဆန်စွာနဲ့ စစ်ရေးကျင့် ဝတ်တွေကို လေးစားလိုက်နာပြီး ရှေ့တိုး လုပ်ဆောင်နေတာ ဖြစ်ပေမယ့် စစ်ကောင်စီကတော့ စစ်ရေးကျင့်ဝတ်ဆိုတာကို စာရင်းထဲမှာတောင် ထည့်မထားပါဘူး။ ဒါတွေကို နားလည် သဘော ပေါက်ပြီး ကျွန်တော်တို့ တော်လှန်ရေးအင်အားစုအချင်းချင်း ရိုင်းပင်းပူးပေါင်းမှုကို ဆက်လက်မြှင့် တင်ဖို့ လိုသလို၊ ပြည်ပနိုင်ငံတွေရဲ့ အထောက်အပံ့ အကူအညီတွေကိုလည်း ကြိုးစားရယူဖို့ ဝိုင်းဝန်းကြိုးစား အားထုတ်နေရမှာ ဖြစ်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

ကုလသမဂ္ဂအပါအဝင် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်နှင့် ထိုင်း နိုင်ငံတို့ အနေဖြင့်လည်း  ပြည်သူလူထု၏ ဘေးဒုက္ခကို ခြေခြေမြစ်မြစ် နားလည်သဘောပေါက်ပြီး ထိထိရောက်ရောက် ကူညီလုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း၊ အထူးသဖြင့် ကုလသမဂ္ဂ လုံ ခြုံရေးကောင်စီ၏ မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်ရေးကိစ္စရပ်များသည် လက်ရှိ တည်ဆဲ အခြေအ နေထက် ပို၍ လက်တွေ့ကျကျ ဖြစ်စေရန် အလေးအနက်ထားတိုက်တွန်းရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

“ပြည်သူလူထုကို ကာကွယ်တဲ့နေရာမှာ ကျွန်တော်တို့ ပြည်သူ့ဘက်တော်သား အင်အားစုအားလုံး ဟာ “မိမိကိုယ်ကို အားကိုးရေးမူ” ကို ကိုင်စွဲရမှာ ဖြစ်သလို၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ လူ သားချင်းစာနာထောက်ထားမှု စိတ်အခံကို နှိုးကြွစေအောင် သိုင်းဝိုင်းထားမှသာ ပြည်သူလူထုဟာ စစ် ကောင်စီရဲ့ အစုလိုက် အပြုံ လိုက် သတ်ဖြတ်ခံရခြင်းဘေးက သက်သာရာရမှာ ဖြစ်တယ်လို့ ပြောချင် ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *