KIO News

0 0
Read Time:4 Minute, 8 Second

KIO လက်အောက်တွင် ကျောင်းပေါင်း ၄၈၈ ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ပြီဟု ဗိုလ်ချုပ်ဂွမ်မော်ပြော

 

D Day News

ဇွန်လ ၅

 

KIO ပညာရေးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အထိ ကျောင်းပေါင်း ၄၈၈ ကျောင်း အထိ ဖွင့်လှစ်နိုင်ခဲ့ပြီကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ၎င်း၏ လူမှုကွန်ယက်စာမျက်မှ တဆင့် ပြောကြား သည်။

 

KIO ပညာရေး ကျောင်းများကို ၁၉၆၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး KIO ၏ ပညာရေး ဌာနကို ၁၉၇၈ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့ကြောင်း ၊ ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အပစ်အခတ်ရပ်ဆိုင်းရေး ကာလ အတွင်း ၁၀ တန်းစာမေးပွဲကို မြစ်ကြီးနားမြို့တွင် ကျင်းပနိုင်ခဲ့ကြောင်း၊ အပစ်အခတ်ရပ်စဲရေးကာလ နိဂုံးချုပ်ပြီးနောက် မြစ်ကြီးနားမြို့တွင် ၁၀ တန်းစာမေးပွဲဖြေဆိုခွင့်သည်လည်း ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။

 

“ကျောင်းဝင်းနှင့် ကျောင်းအတွင်း KIO ၏ အစည်းအဝေးများအပါအဝင် ပညာရေးနှင့်မသက်ဆိုင် သော အစည်းအဝေးများ ပြုလုပ်လိုပါက ကျောင်းအုပ်၏ ခွင့်ပြုချက် ရရှိမှသာ ပြုလုပ်ရမည်။ စာသင် ချိန်အတွင်း မပြုလုပ်” လို့ ၁၉၆၇ ခုနှစ်၊ မေလ ၂၅ ရက်နေ့ ထုတ်ပြန်တဲ့ စည်းမျဉ်းမှာ ပါရှိတာကို တွေ့ရှိရမှာဖြစ်ပါတယ် ဟု ဗိုလ်ချုပ်ဂွမ်တော်က ကျောင်းစဉ်းမျဉ်းနှင့်ပတ်သက်၍ ၎င်း၏ လူမှုကွန် ယက်စာမျက်နှာမှ တဆင့် ရေးသားပြောဆို သည်။

 

KIO ပညာရေးဌာန အနေဖြင့် အခြေခံပညာရေး သာမက အဆင့်မြင့် ပညာရေးကိုပါ တိုးချဲ့ဖွင့်လှစ်နိုင် ရန် လိုအပ်လာပြီး ၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းအားလုံး ၂၁၅ ကျောင်းအထိ ရှိခဲ့ ကြောင်း၊ ယခု ၂၀၂၄- ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းပေါင်း ၂၃၃ ကျောင်းအထိ တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ပြီး စုစုပေါင်း ကျောင်းပေါင်း ၄၄၈ ကျောင်းအထိ ရှိလာတော့မည်ဖြစ်ကြောင်း အဆိုပါကျောင်းများတွင် တာဝန်ယူသင်မည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၂၆၇၉ ဦးကို ၊ ပညာ ရေး ဝန်ထမ်း ၄၁၅ ဦးရှိကြောင်း သိရသည်။

 

အဆင့်မြင့်ပညာရေးကျောင်းများ အနေဖြင့် ဆရာ အတတ်သင် ကောလိပ် (မိုင်ဂျာယန်) ၊ မိုင်ဂျာယန် ကောလိပ် ၊ အုပ်ချုပ်ရေး အရာရှိ သင်တန်းကျောင်း၊ စိုက်ပျိုးမွေးမြူရေး ဒီပလိုမာသင်တန်းကျောင်း၊ သူနာပြုသင်တန်းကျောင်း ၊ ဗိုလ်သင်တန်းကျောင်း၊ ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ် (KSCU)၊ Federal Law Academy ၊ Institude of Liberal Arts and Seiences (Mai Ja Young) တို့ဖြစ် ကြောင်း သိရသည်။

 

“အမှတ်အသားကတော့ KIO ပညာရေး ဌာနကနေ ဖွင့်ထားတာမဟုတ်တဲ့ ကျောင်းတွေ ဖြစ်ပါတယ်။ KIO အုပ်ချုပ်မှု ဒေသတွင်းမှာ ပုဂ္ဂလိက ကျောင်းဖွင့်ခွင့် ကို ၂၀၁၀ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ တရား ဝင်ရုံးအမိန့် ထုတ်ပြန်ထားပါတယ်။” ဟု ဗိုလ်ချုပ်ဂွမ်မော်က ရှင်းပြသည်။

 

Basic Education Common Curiculum Frame work ရေးဆွဲပြီးစီးထားပြီဖြစ်ပြီး KG မှစ၍ Grde 12 အထိ ၆ – ၃- ၃ စနစ်ဖြင့် သင်ကြားသွားမည်ဖြစ်ကြောင်း၊ မိခင်ဘာသာ စကား၊ စာပေဖြင့် အစပြု သင်ကြားမည့် စနစ်ထည့်သွင်းပြဌာန်းထားသည့်အပြင် ကချင်မဟုတ်သော အခြားတိုင်းရင်းသား လူမျိုးများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ပုဂ္ဂလိက ကျောင်းများ ဖွင့်လှစ်ခွင့်ပေးထားကြောင်း သိရ သည်။

 

“နေရာအသီးသီးမှ ကျောင်းသားများ မိမိတို့ စိတ်တိုင်းကြ ကျောင်းရွေးချယ်ခွင့် ရရှိကြပါစေ၊ ကျောင်း များ အားလုံး(အားလုံး) စစ်ဘေးဒဏ်မှ ကင်းလွတ်နိုင်ကြပါစေ” ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆုတောင်း စကားပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *