Rakhine News

0 0
Read Time:4 Minute, 13 Second

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာမှ ပြည်သူ ၅၀ ကျော်ကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ၏ တပ်မ၊ တပ် ရင်း နှင့် ပါဝင်ပတ်သက်သူများကို လက်စားချေတုန့်ပြန်သွားမည်ဟု AA အသိပေး

 

D Day News

ဇွန်လ ၄

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာနေ ပြည်သူ ၅၀ ကျော်ကို သတ်ဖြတ်ခဲ့သည့် အကြမ်း ဖက်စစ်ကောင်စီ၏ တပ်မ၊ တပ် ရင်း နှင့် ပါဝင်ပတ်သက်သူများကို လက်စားချေတုန့်ပြန်သွားမည်ဟု ရခိုင့်တပ်တော် -AA က အသိပေးထားသည်။

 

မေလ ၂၉ ရက်နေ့က စစ်တွေအခြေစိုက် ဒကစမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းအချို့မှ ထုတ်နုတ်အင်အားများ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ၏ အကြမ်းဖက်သင်တန်းဆင်း မူဆလင် တပ်ဖွဲ့ဝင်များ အစရှိ သော အင်အား (၁၇၀)ကျော်ပါဝင်သော စစ်ကြောင်းတစ်ကြောင်းသည် အာရက္ခပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာအား ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ပြီး ၎င်းရွာအတွင်းရှိ ကလေး၊ လူကြီး၊ လူငယ်၊ လူ ရွယ်၊ အမျိုးသား၊ အမျိုးသမီး တစ်ယောက်မကျန် တစ်ရွာလုံးရှိ ရွာသူ၊ ရွာသားများအားလုံးကို ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

 

ထို့နောက် လက်ပြန်ကြိုးတုပ် ချည်နှောင်ကာ နေပူလှန်းထားခြင်း၊ အစာရေစာမပေးဘဲထားခြင်း၊ နှိပ်စက် ညှဉ်းပန်းခြင်း၊ လက်နက်အားကိုးဖြင့် သတ်ဖြတ်ခြင်းတို့ကို တစ်ခုပြီးတစ်ခု ရက်စက်စွာ ပြု လုပ်ခဲ့ပြီး ဖမ်းဆီးထားသောသူများထဲမှ အပြစ်မဲ့ အရပ်သားပြည်သူ ၅၀ ကျော်တို့အား သတ်ဖြတ် ခြင်း၊ အလောင်းဖျောက်ဖျက်ခြင်း၊ အမျိုးသမီးအချို့အား မုဒိမ်းကျင့်ခြင်း၊ ထောင်ချီသော ပြည်သူများ ကို ဓားစာခံများအဖြစ် ဆက်လက် ဖမ်းဆီးထားခြင်း၊ တန်ဖိုးရှိသော ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်တို့အား အတင်းအဓမ္မလုယူခြင်း၊ လူနေအိမ်အချို့အား မီးရှို့ဖျက်ဆီးခြင်း အပါအဝင် ဖက်ဆစ်ဆန်ပြီး ရက် စက်ယုတ်မာသော အပြုအမူများကို တစ်ခုပြီးတစ်ခုပြုလုပ်ခဲ့ကာ စစ်ရာဇဝတ်မှုအကြီးစားတစ်ခုကို ထပ်မံကျူးလွန်ခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်ထားသည်။

 

ယခုအဖြစ်အပျက်သည် အာရက္ခပြည်သူလူထုတစ်ရပ်လုံးအတွက် သမိုင်းတွင် မည်သည့်အခါမျှ မေ့ ပျောက်၍ ရနိုင်လိမ့်မည်မဟုတ်သော ဖက်ဆစ်စစ်ကောင်စီ၏ ရက်စက်ယုတ်မာသည့် လုပ်ရပ်တစ်ခု အဖြစ် ကျန်ရစ်နေမည်မှာ အသေအချာပင်ဖြစ်သည်ဟု ဆိုသည်။

အာရက္ခဒေသ တကျော့ပြန်တိုက်ပွဲများအစတွင် ဖက်ဆစ်စစ်ကောင်စီသည် ပေါက်တောမြို့အတွင်း၌ အလားတူ စစ်ရာဇဝတ်မှုမျိုးကို ပြုလုပ်ခဲ့သောကြောင့် အာရက္ခတပ်တော်မှ အဆိုပါကျူးလွန်ခဲ့သော စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့ဝင်များအား ပြင်းထန်စွာ တုံ့ပြန်လက်စားချေထားခဲ့ပြီးဖြစ်ကြောင်း အသိပေးထားသည်။

 

စစ်ကောင်စီ၏ ဤကဲ့သို့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေခြင်းများကို ပြင်း ထန်စွာရှုတ်ချပြီး ၎င်းလုပ်ရပ်များကို ချက်ချင်း ရပ်တန့်ကရပ်ရန်နှင့် နောက်ထပ်အလားတူအဖြစ်မျိုး မဖြစ်ပေါ်စေရန် ရခိုင့်တပ်တော် – AA က ပြင်းထန်စွာ သတိပေးထားသည်။

 

ယခုလည်း ဗျိုင်းဖြူရွာဖြစ်စဉ်တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်ရန် ညွှန်ကြား အမိန့်ပေးစေခိုင်းသူများနှင့် ညွှန်ကြားချက်အား လိုက်နာအကောင်အထည်ဖော်ဆောင် ရွက်ကြသည့် စစ်ကောင်စီ၏ တပ်မ၊ တပ်ရင်းများနှင့် ပါဝင်ပတ်သက်ခဲ့သောသူများအားလုံးကို ပြင်း ထန်စွာ လက်စားချေ တုံ့ပြန်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *