Monywa News

0 0
Read Time:2 Minute, 0 Second

မုံရွာမြို့၊ စက်မှုဇုန်အတွင်း၌ ပြည်သူကို ငွေညှစ်နေသော စစ်သားများ ပစ်ခတ်ခံရပြီး ၇ ဦး သေဆုံး၊ သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၄

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ထဲတွင် ပြည်သူကို ငွေညှစ်တောင်းခံလေ့ရှိသော အကြမ်းဖက်စစ် သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး‌ သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ တပ်ရင်း -Chindwin Attack Force ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၃ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ အချိန်ခန့်က မုံရွာမြို့၊ စက်မှုဇုန်၊ သမစိတ္တလမ်းဆုံ အနီးသို့ နေ့စဉ်ကင်းပတ်ကာ ဖြတ်သန်းသွားလာသော ပြည်သူများကို အမြဲတမ်းငွေညှစ်တေင်းခံလေ့ ရှိသော အကြမ်းဖက်စစ်သားများကို အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ ပြီး MA 11 သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည် ၁၇ တောင့်၊ ကာဘိုင် သေနတ် တစ်လက် ၊ ကာဘိုင် ကျည် ၂၅ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း သေဆုံးအကြမ်းဖက်စစ်သားများထံမှ လက်နက်တက်ကောက်သည့် ရဲဘော်တစ်ဦးကို ကျန်ရှိနေသော အကြမ်းဖက်စစ်သား ၁ ဦးက ခုခံပစ်ခတ်ခဲ့ရာ ဦးခေါင်းကျည် ထိမှန် စိုးရိမ်ရ ရရှိခဲ့ပြီး အကြမ်းဖက်စစ်ကားမှာလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ ၏ အထူးကွန်မန်ဒို တပ်ဖွဲ့ (Monywa The Boys) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *