Paung Del News

0 0
Read Time:2 Minute, 12 Second

ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမပေါ်သို့ ဝင်ရောက်လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

ဇွန်လ ၃

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အ ကြမ်း ဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ၃၆၀၁ PPDF တပ် ရင်းထံမှ သိရသည်။

 

ဇွန်လ ၁ ရက် နံနက်အစောပိုင်း ၁ နာရီ မိနစ် ၃၀ အချိန်တွင် ပေါင်းတည်မြို့နယ်၊ တောင်ပေါ်ကြို့ ကုန်းအုပ်စု၊ မကျီးစမ်းရွာမှ သိမ်ကုန်းဘက်သို့ အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း ၊ တပ်ခွဲ ၂ ရဲဘော်များက ပြင်ကြီးရွာနှင့် ကျောက်ကြီးတောင်ကြား အရောက် လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုနောက် ထပ်မံ ခွဲထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၃၆၀၂ တပ်ရင်း တပ်ခွဲ ၄ မှ မိုင်းကွင်းထဲအရောက် နံနက် ၁ နာရီ ၄၅ ပဒေသာမိုင်း အကြီး ၃ လုံးဖြင့် တစ်ကြိမ်၊ ဓါတ်မီးထိုးပြီးထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ည ၈ နာရီ ၄၅ မိနစ် တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုနှင့် မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး အ များအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အထိနာသော အကြမ်းဖက်စစ်သားများက လက်နက် ငယ် များဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အ ခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *