Oak Phoe News

0 0
Read Time:2 Minute, 8 Second

အုတ်ဖိုမြို့နယ်တွင် အတင်းအဓမ္မစစ်သား စုဆောင်းနေသူ အငြိမ်းစားတပ်ကြပ်ကြီ စောကေထူး(ခ) စောခူထူး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဇွန်လ ၃

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုနယ်၊ ချောင်းဂေါင်းကျေးရွာအုပ်စု၊ ဆယ်ရွာ ရွာရှောင်ကုန်း တွင် နေထိုင်ပြီး အတင်းအဓမ္မစစ်သား စုဆောင်းပေးနေသူ အငြိမ်းစား တပ်ကြပ်ကြီး စောကေထူး(ခ) စောခူထူး ကို ပစ်ခတ်ရှင်းခဲ့ရာ နေရာမှာ ပင်သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ဇွန်လ ၂ ရက်မွန်းတည့် ၁၂ နာရီမိနစ် ၃၀ အချိန်တွင် အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းကျေးရွာအုပ်စု၊ ဆယ်ရွာ ရွာရှောင်ကုန်းတွင်နေထိုင်သည့် အကြမ်းဖက်စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူ အငြိမ်းစား တပ်ကြပ်ကြီး စောကေထူး(ခ)စောခူထူးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို ၏ ရဲဘော်များမှ နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်ရှင်းလင်း ခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း၊ ၎င်းထံမှ မိုလ်ဘိုင်းဖုန်း ၁ လုံးနှင့် ဦးထုတ် ၁ လုံးအား သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ အငြိမ်းစား တပ်ကြပ်ကြီး စောကေထူး(ခ)စောခူထူးသည် အကြမ်းဖက်စစ်ကောင်စီ အလို ကျ ပြည်သူလူထုအပေါ် အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေး ကောက်ခံခြင်း၊ စကစများထံ တော်​လှန်​ရေး ရဲ​ဘော်​များ၏ အချက်အလက်များ​အား ထောက်​လှမ်း​သတင်းပိုခြင်း၊ အကြမ်းဖက်စစ်ကောင်စီ အားကိုးဖြင့် ပြည်သူများအပေါ် အမျိုးမျိုး ဖိနှိပ်ဒုက္ခပေးနေ ခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က ထုတ်ပြန် ထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *