Karen News

0 0
Read Time:2 Minute, 41 Second

ကော့ကရိတ်မြို့နယ် ဒေါနတောင်ပေါ်တွင် အောင်ဇေယျစစ်ကြောင်းရှေ့တိုးရန်စားသဖြင့် တိုက် ခိုက်ခံရပြီးစစ်သား ၆ ဦးထက်မနည်းသေဆုံးကာ သေနတ် ၆ လက်သိမ်းဆည်းရရှိ

 

D Day News

ဇွန်လ ၃

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ပေါ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်း ရှေ့ တိုး ရန်ကြိုးစားသဖြင့် တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦးထက်မနည်းသေဆုံးကာ သေနတ် ၆ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း ဒေသတင်းရင်းမြစ်များထံက သိရသည်။

 

ယမန်နေ့ ဇွန်လ ၁ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ခလရ ၉၇ တပ်ရင်းနှင့် စကခ ၁၂ တပ်တို့မှ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်ကာ အင်အားအလုံးအရင်းဖြင့် ရှေ့ဆက်တိုးလာခဲ့သဖြင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ရာ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်သား ၆ ဦးထက်မနည်းသေဆုံးကာ သေနတ် ၆ လက်သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဟောင်ဝှစ်ဇာလက်နက်ကြီးတွေက ၉၇ တို့ စကခ ၁၂ တို့မှာ အထိုင်ချထားတာပေါ့၊ အဲဒီကနေ ပစ်နေတာ၊ တိုက်ပွဲကလည်း နေ့တိုင်းနီးပါးပဲ၊ ဒီနေ့တော့ သေနတ် ၆ လက်သိမ်းဆည်းရရှိခဲ့တယ်၊ သေနတ် ၆ လက်ဆိုတော့ ၆ ဦးထက်မနည်းသေတာပေါ့။ ဒီနေ့ လေယာဉ် နှစ်ခါ လေးကြိမ်လာပစ် တယ်။ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်မှုရှိတယ် မကြားမိဘူး” ဟု တော်လှန်ရေး သတင်း ရင်းမြစ်က ပြောကြားသည်။

 

လက်ရှိတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ ဒေါနတောင်ခြေ တောနော်ရေတံခွန်အကျော် ဘုရား ကုန်းအနီးတွင် ရပ်တန့်နေဆဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့မှာ ငှက်ဖျား ရောဂါခံစားနေကြရပြီဖြစ်ကြောင်း သိရသည်။

 

မြဝတီမြို့ကို စစ်ကူပို့ရန် ဒုချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည်ဆို​သော နိုင်ငံ​တော် အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး”ဟုအမည်​ပေး၍ အင်အားရာ၊​ထောင်ချီ အသုံးပြုခဲ့သော စစ် ကြောင်းသည် ဧပြီ ၇ ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်မှ ချီတက်ခဲ့​ရာ အမှတ် ၃၁ ဗျူဟာလက် အောက်ခံ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း Multirotor Drone တပ်ဖွဲ့၊ Fixed Wing Drone တပ်ဖွဲ့နှင့် Robinhood Rocketအဖွဲ့တို့ ပူးပေါင်းကာ ခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *