တိုင်းပြည်တစ်ခုလုံးကို ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံခြားငွေ လဲလှယ်နှုန်း မ တည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သည်ဟုဆိုကာ Money Changer လုပ်ငန်းရှင် ၁၄ ဦးကို ဖမ်းဆီး
D Day News
ဇွန်လ ၃
တိုင်းပြည်တစ်ခုလုံးကို ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံခြားငွေ လဲလှယ်နှုန်းမငြိမ် မဖြစ်အောင်လုပ်ဆောင်သည်ဟုဆိုကာ Money Changer လုပ်ငန်းရှင် ၁၄ ဦးကို ဖမ်းဆီးလိုက် ကြောင်း အကြမ်းဖက်စစ်ကောင်စီက တရားဝင်သတင်းထုတ်ပြန်သည်။
ယနေ့ ဇွန်လ ၃ ရက်နေ့တွင် နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ဝိသမလောဘသားများအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတက်မှုအား အနှောင့်အယှက်အဟန့်အတားဖြစ်စေရန်ရည်ရွယ်၍ ပြည်တွင်းနိုင်ငံခြား ငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်စေရန် လူမှုကွန်ရက်မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ချိ ဈေးကစား ခြင်း၊ ထို့ပြင် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရှိသည့် Money Changer အ ချို့သည်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းသတ်မှတ်များအား ချိုးဖောက်၍ နိုင်ငံခြားငွေ လဲလှယ်နှုန်းများအား ဈေးကစားပြီး နိုင်ငံ့စီးပွားရေး မငြိမ်မသတ်ဖြစ်စေရန် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည့်အတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင် ရေး ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက် ရှိ သည့် တရားမဝင်နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်နေသူများနှင့် ပွဲစားများအပါအဝင် စုစုပေါင်း တရားခံ ၁၄ ဦးအား ဖော်ထုတ်ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။
၎င်းတို့၏ စစ်ဆေးဖော်ထုတ်ချက်အရ ပြည်တွင်းနိုင်ငံခြားငွေလဲလှယ်နှုန်း မငြိမ်မငြိမ်ဖြစ်အောင် နောက်မှ ဆောင်ရွက်လျက်ရှိသည့် တရားခံ ၁၁ ဦးအား ဥပဒေနှင့်အညီ ခေါ်ယူနိုင်ရေးဆောင်ရွက်ခဲ့ ရာ ၎င်းတို့သည် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ ဖမ်းဆီးခြင်းမခံရစေရန် ထွက်ပြေးတိမ်း ရှောင်လျက်ရှိကြောင်း တရာမဝင်အာဏာလုအကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် အသက် ၆၀ နှစ်ပြည့်ပင်စင်မသွားရရေးအတွက် ၆၅ နှစ်အထိ သက်တမ်းတိုးယူခဲ့သည့်အပြင် ထပ်မံ၍ ၆၅ နှစ်ပြည့်ခါနီး ပင်စင်မသွားရရေး၊ ၎င်းကိုယ် တိုင်အာဏာထိန်းချုပ်လက်မလွှတ်ရရေး အတွက် ၎င်းကိုထောက်ခံသော လူတစ်စုကို ရွေးကောက်ပွဲ တွင်မဲမသာမှုမရှိသည်ဟု နားလည်ပါးရိုက်လုပ်ကာ စစ်တပ်တစ်ခုလုံးကို အသုံးချအာဏာလုယူလိုက် ပြီး ပြည်သူလူထုကို အကြောက်တရားရိုက်သွင်းနိုင်ရန် တိုင်းပြည်တစ်ခုလုံးကို မီးလောင်တိုက်သွင်း၊ ဆင်းရဲမွဲတေခြင်းဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်သည်။
D Day News