မန္တလေးမြို့၊ မန်းမြို့ဈေးရှိ “ဆယ်သန်းရွှေဆိုင်” ဒုတိယအကြိမ် ဓားပြတိုက်ခိုက်ခံရ၊ ရွှေ ၄ ပိဿာ ကျော် ပါသွား (ရုပ်သံ)
D Day News
ဇွန်လ ၁
မန္တလေးမြို့၊ မန်းမြို့ဈေးအတွင်းရှိ “ဆယ်သန်း ရွှေဆိုင်” ဒုတိယအကြိမ် ဓားပြတိုက်ခိုက်ခံရပြီး ရွှေ ၄ ပိဿာကျော်ပါသွားကြောင်း ဒေသတင်းရင်းမြစ်များထံမှ သိရသည်။
မေလ ၃၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် မန္တလေးမြို့ ၊ မန်းမြို့မစျေး၊ ၈၄ လမ်း ၊ ၃၈ လမ်း နှင့် ၃၉ လမ်းအကြား ဖွင့်လှစ်ထားသည့် “ဆယ်သန်း” ရွှေဆိုင်သို့ အဖြူရောင် မတ်တူး ရွှေငါးယာဉ် အမျိုးအစားဖြင့် ရောက်ရှိလာသည့် လူ ၄ ဦးက လက်နက်များကိုင်ဆောင်ကာ ရွှေဆိုင်အတွင်းပေါ် တင်ဝင်ရောက်လာပြီး သေနတ်များဖြင့် ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းနှင့် လက်ဝတ်ရတနာများကို လုယူသွားကြောင်း သိရသည်။
ထိုသို့ ဓားပြတိုက်ခိုက်မှုရမှုကြောင့် ရွှေပိဿာချိန် ၄ ပိဿာကျော်ပါသွားကြောင်း သိရသည်။
ပြီးခဲ့သည့် ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းကလည်း ဆယ်သန်းရွှေဆိုင်သို့ ဆိုင်ကယ်ဖြင့် မျက်နှာ ဖုံးစွပ်လူတချို့က ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ရွှေ ၂ ပိဿာခန့် တန်ဖိုးရှိ ရွှေထည်နှင့် လက် ဝတ်ရတနာပစ္စည်းများ ပါသွားခဲ့သေးသည်။
ထိုစဉ်ကဓားပြတိုက်ခိုက်ခံရမှုကိုလည်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ဖမ်းဆီးအရေးနိုင်ခြင်းမရှိခဲ့ပေ။
D Day News