CDM News

0 0
Read Time:1 Minute, 28 Second

တနင်္သာရီမြို့နယ်၊ ပြည်သူ့စစ် တပ်သား ၁ ဦး လက်နက် ခဲယမ်းနှင့်အတူ အလင်းဝင်

 

D Day News

ဇွန်လ ၁

 

တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအနီး တံတားစစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသော ပြည်သူ့စစ်တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရေက်ခဲ့ကြောင်းမြိတ် ခရိုင်တပ်ရင်း ၂ ထံမှ သိရသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ ခမရ ၅၆၁ တပ်ရင်း အနီး ညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တစ်ဦးသည် AK အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၁၈ တောင့် နှင့်အတူ မြိတ်ခရိုင် တပ်ရင်း ၂ ထံ ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံပြည်သူ့ စစ်ကို ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ထောက်ပံ့ငွေ သိန်း (၆၀) ချီးမြင့်ခဲ့ပြီ လုံခြုံသည့်နေရာတွင် ပို့ဆောင်ကာ ကောင်းမွန်စွာ စောင့်ရှောက်ပေးထားကြောင်း မြိတ်ခရိုင် တပ်ရင်း ၂ က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *