Ngape Township News

0 0
Read Time:3 Minute, 2 Second

ငဖဲမြို့နယ်၊ ကပစ ၁၄ မှ အကြမ်းဖက်စစ်သားများ ဂိတ်ကင်းစခန်းသို့ လာရောက်စဉ်အနီးကပ် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ

 

D Day News

မေလ ၃၁

 

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ကပစ ၁၄ မှ အကြမ်းဖက်စစ်သားများ ဂိတ်ကင်းစခန်းသို့ လာရောက်စဉ် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ ကြောင်း Chin Defence Force – Asho တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၃၀ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် ငဖဲမြို့နယ် ကပစ – ၁၄ မှ အကြမ်းဖက်စစ်သား ၂ ဦးသည် ၎င်းတို့တာဝန်ကျရာ ဂိတ်ကင်းစခန်းသို့ လာရောက်စဉ် Chin Defence Force – Asho တပ်ဖွဲ့မှ ရဲဘော်များက ကင်းပုန်းဝပ် စောင့်ဆိုင်းပြီး အနီးကပ် ပစ်ခတ် တိုက် ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ကျန်တစ်ဦး ဒဏ်ရာရရှိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

” နေရာကို ကြိုတင်ယူထားတယ်။ သူတို့ ကင်းနေရာကို လာတဲ့အချိန်မှာ ကျွန်တော်တို့ လက်နက်ချဖို့ ပြောတယ်။ ပြောပေမယ့်လည်း မချတဲ့ အပြင် မောင်းတင်ဖို့ လုပ်တဲ့ အတွက်ကြောင့်မို့လို့ အနီးကပ်ပဲ သေနတ်ကိုင်ထားတဲ့ ၁ ဦးကို ပစ်ခတ်လိုက်တာ။ သေနတ်မကိုင်ဘဲ နောက်ကနေပါလာတဲ့ စာရွက် စာတန်းကိုင်တဲ့ သူကတော့ မလှမ်းမကမ်းမှာရှိတဲ့အတွက် ထွက်ပြေးဖို့ လုပ်လို့ လှမ်းပစ်တာ၊ ထိခိုက် ဒဏ်ရာတော့ရရှိတယ်။ သေ၊ မသေတော့အတည်မပြုနိုင်ဘူး။ သေနတ်ကိုင်ထားတဲ့ စစ်သားပဲ သေ သွားတဲ့အတွက် သေနတ်ပြီး ပြန်ဆုတ်လာခဲ့တာ။” ဟု ” ဟု Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ဝင်ရောက်ပစ်ခတ်တိုက်ခိုက်သည့် ကင်းစခန်းနှင့် မီတာ ၁၇၀ အကွာတွင် အခြား ဂိတ်စခန်းတစ်ခုရှိ သော်လည်း ယင်းစခန်းအတွင်းရှိ အကြမ်းဖက်စစ်သားများက ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုမရှိခဲ့ ကြောင်း၊ ယင်းဂိတ်စခန်းအတွင်းမှ လက်နက်ကိုင်ဆောင်ထားခြင်း မရှိသည့် အရပ်ဝတ်ဖြင့် လူ ၄ ဦး ထွက်လာခဲ့ပြီး ယင်း ၄ ဦးကိုလည်း ပစ်ခတ်တိုက်ခိုက်ခြင်း မပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အကြမ်းဖက်စစ်တပ် ယင်းကင်းစခန်းကို တိုက်ခိုက်ရခြင်းမှာ ငဖဲမြို့နယ်ရှိ တောင်ပေါ်အုပ်စု ကျေးရွာများကို ဈေးဝယ်ယူခွင့် ကန့်သတ်ခြင်း၊ ဂိတ်ကင်းဖြတ်သန်းမှုများတွင် အကြောင်းမဲ့ ငွေကြေး ကောက်ခံခြင်းနှင့် အကျင့်ပျက် ရိုင်းပြမှုများ ပြုလုပ်နေသဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Chin Defence Force – Asho တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *