Human Right News

0 0
Read Time:5 Minute, 55 Second

လူငယ်အမျိုးသမီး ထိန်းသိမ်းရေးသင်တန်း ကျောင်းများတွင် ရေချိုးခန်း၊ အိမ်သာတို့၌ CCTV များ တပ်ဆင်မှုများရှိသည့်အပြင် လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေဟု PPNM ထုတ်ပြန်

 

D Day News

မေလ ၃၁

 

ရန်ကုန်မြို့ ဗဟန်း၊ ကော့မှူးနှင့် မန္တလေး၊ ပုသိမ်ကြီး လူငယ်အမျိုးသမီး ထိန်းသိမ်းရေး သင်တန်း ကျောင်းများတွင် ရေချိုးခန်း၊ အိမ်သာတို့၌ CCTV များတပ်ဆင်မှုရှိသည့်အပြင် လိင်ပိုင်းဆိုင်ရာအခွင့် အရေးချိုးဖောက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်သည်။

 

အသက်မပြည့်သေးသည့် လူငယ်အမျိုးသမီးများကိုမူ ရန်ကုန်တွင် ဗဟန်းအမျိုးသမီးထိန်း သိမ်းရေး သင်တန်းကျောင်း၊ ကော့မှူးအမျိုးသမီးသင်တန်းကျောင်းနှင့် မန္တလေးတွင် ပုသိမ်ကြီးအမျိုးသမီး လူငယ်သင်တန်းကျောင်းတို့တွင် ဖမ်းဆီးထားထားကြောင်း သိရသည်။

 

ရန်ကုန်မြို့၊ ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးကျောင်းတွင် အသက်မပြည့်သေးသည့် နိုင်ကျဉ်းအမျိုး သမီးငယ်များအပါအဝင် အခြားအမျိုးသမီးငယ်များအပေါ် လိင်ပိုင်ဆိုင်ရာ ဖိနှိပ်မှု ၊လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုများဖြစ်စေရန် အမျိုးသမီးငယ်များထားရာ အခန်းများ၊ ရေချိုးခန်းများနှင့် အိမ်သာများ အား စောင့်ကြည့်သည့် CCTV များတပ်ဆင်ထားလျက်ရှိကြောင်း သိရသည်။

 

ထို့ကြောင့် အမျိုးသမီးငယ်များ ရေချိုးချိန်နှင့် အိမ်သာသွားချိန်များတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာ မလုံခြုံမှုများ ခံစားကြလျက်ရှိနေပြီး အချို့အကျဉ်းသူများကို အပြစ်ပေးအရေးယူရာတွင် အ မျိုးသမီးငယ်များ ဝတ်ဆင်ထားသည့် အဝတ်အစားများကိုအကုန် ချွတ်ခိုင်း၍ အပြစ်ပေးသည့်အထိ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့ကြောင်း သိရသည်။

အပေါ့ အလေးသွားလာခွင့်ကိုလည်း သတ်မှတ်ချိန်အတွင်း၌သာ သွားရောက်ခွင့်ရှိပြီး ကျန်အချိန်များ တွင် အပေါ့အလေးသွားပါက သင်တန်းကျောင်းတွင်ရှိသည့် ဝန်ထမ်းများမှ တုတ်ဖြင့်ရိုက်၍ အပြစ် ပေးလေ့ရှိနေကြောင်း သိရသည်။

 

ထို့အပြင် ကျောင်းအတွင်းလုပ်ငန်းဟု အကြောင်းပြကာ နိုင်ကျဉ်းအမျိုးသမီးငယ်များကို ထင်းခွဲခိုင်း ခြင်းနှင့် မြက်ပေါက်ခိုင်းခြင်းများကိုပါ လုပ်ခိုင်းနေကြောင်း သိရသည်။

 

ယခုကဲ့သို့ လူ့အခွင့်အရေး ၊ ကလေးသူငယ်အခွင့်အရေးချိုးဖောက်ခံရသူ အမျိုးသမီးငယ်များသည် ထောင်တွင်းစားသောက်ရေး အဆင်မပြေမှုနှင့် ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာ မရရှိ သည့် အခြေအနေများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

 

ကော့မှူးအမျိုးသမီးထိန်းသိမ်းရေးစခန်းတွင်လည်း အမျိုးသမီးငယ်အချို့သည် အပျိုဖော်ဝင်ကာစ အချိန်များဖြစ်၍ ရာသီသွေး ဓမ္မတာ လာချိန်များကို အခြားအမျိုးသမီးငယ်များနည်းတူ ရင်ဆိုင်နေကြ ရပြီး အမျိုးသမီးလစဉ်သုံးပစ္စည်းလုံလောက်စွာ ထောက်ပံ့ပေးနိုင်ခြင်းမရှိသဖြင့် စိတ်ပိုင်းဆိုင်ရာ အ ဆင်မပြေမှုများ ရင်ဆိုင်ဖြတ်သန်းနေကြရကြောင်း သိရသည်။

 

ထို့အပြင် အကျဉ်းထောင်အတွင်း၌ စစ်ဆေးချိန်တွင် ထောင်ဝန်ထမ်းအမျိုးသမီးများ၏ ယောကျာ်း လေး သူငယ်ချင်းနှင့် မောင်များ၊ အကိုများပါ ဝင်ရောက်တတ်သည့်အတွက် အမျိုးသမီးငယ်များ ရေချိုးရမှုနှင့် အိမ်သာသွားချိန်၊ အဝတ်အစားလဲချိန်တွင် စိတ်မလုံခြုံမှုများ ရင်ဆိုင်နေရသည်ဟု ဆိုသည်။

 

ထိုသို့ အမျိုးသမီးထိန်းသိမ်းရေးစခန်းသို့ အမျိုးသားများ ဝင်ရောက်ခွင့်ရနေခြင်းကို ပြင်းထန်စွာ ရှုံ့ချပါကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန် ထားသည်။

 

မန္တလေးတိုင်း၊ ပုသိမ်ကြီး အမျိုးသမီးသင်တန်းကျောင်း၌ ကရင်နီဒေသ၊ ချင်းပြည်နယ်နှင့် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက်ရောက်ရှိလာသည့် အမျိုးသမီးငယ်များပါဝင်ပြီး နယ်ဝေးမှ မိသားစုဝင်များ ပါဆယ်ပေးပို့နိုင်ခြင်းမရှိသဖြင့် သင်တန်း ကျောင်းမှ ကျွေးသည့် ပဲဟင်းနှင့် ထမင်းကိုသာ အဓိကအားပြုစားသောက်နေထိုင် နေကြရ ကြောင်း သိရသည်။

 

အကျဉ်းစခန်းအတွင်း၌ စောင့်ကြည့်လေ့လာချိန်ကာလအတွင်း တပတ်လျှင် ကြက်ဥဟင်း (၃) ရက် ကျွေးမွေးခြင်းသာ အများအားဖြင့်တွေ့ရပြီး အသားဟင်းနှင့်အချို့အစားအသောက်များကိုမူ အလှူရှင် ရှိသည့် အချိန်များမှသာ စားသောက်ကြရကြောင်း သိရသည်။

 

အသက်မပြည့်သေးသည့် ကလေး လူငယ်များကို နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးပြီးနောက် လူငယ် ထိန်းသိမ်းရေးသင်တန်းကျောင်း အမည်ခံ ကလေးလူငယ်အကျဉ်းထောင်များကို ပို့ဆောင်၍ မတရား ဖမ်းဆီးထိန်းသိမ်းထားလျက်ရှိကြောင်း၊  လက်ရှိထုတ်ပြန်ချိန်အထိ စောင့်ကြည့်လေ့လာမှုအရ အ သက်မပြည့်သေးသည့် အမျိုးသားလူငယ်များကို ရန်ကုန်တွင် သံလျင်လူငယ်သင်တန်းကျောင်း၊ ငှက် အော်စန်း လူငယ်သင်တန်းကျောင်း နှင့် မန္တလေးလူငယ်သင်တန်းကျောင်းတို့တွင် အဓိကဖမ်းဆီး ထားကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *