AA News

0 0
Read Time:5 Minute, 6 Second

ဘူးသီးတောင်မြို့သိမ်းပိုက်ရရှိမှုအတွင်း နိုင်ငံရေးအကျဉ်းသား ၃၁ ဦးအပါအဝင် ၉၈ ဦးကို ကယ် ထုတ်နိုင်ခဲ့ဟု AA ထုတ်ပြန်

 

D Day News

မေလ ၃၁

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဘူးသီးတောင်မြို့ကို သိမ်းပိုက်ရရှိမှုအတွင်း ပိတ်မိနေသော နိုင်ငံရေးအကျဉ်းသား ၃၁ ဦးအပါအဝင် ၉၈ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်သည်။

 

မေလ ၁၈ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် ဘူးသီးတောင်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီး‌ တောင်ဗျူဟာဌာနချုပ်အပါအဝ် တပ်ရင်းတပ်စခန်းများအားလုံးကို ရခိုင့်တပ်တော် -AA က အပြီး သတ် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထိုသို့သိမ်းပိုက်မှုအတွင်း မေလ ၁၆ ရက်နေ့က ဘူးသီးတောင်မြို အ ကျဉ်းထောင်အတွင်း ပိတ်မိနေကြသည့် နိုင်ငံရေး အ ကျဉ်းသား ၃၁ ဦး အပါအဝင် လူသတ်မှု၊ မုဒိမ်း မှု၊ ခိုးမှု၊ ယာဉ်တိုက်မှု၊ သစ်ခိုးထုတ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ လဝကမှု၊ သူခိုးလက်ခံမှု အစရှိ သော ရာဇဝတ်မှုအသီးသီးကျူးလွန်ထားသည့် အကျဉ်းသားစုစုပေါင်း ၉၈ ဦးကို ဘေးလွတ်ရာသို့ ကယ်ထုတ်လာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အကျဉ်းသား ၉၈ ဦးအား ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ရဲ ဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အချက်အလက်ကောက်ယူစိစစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စံနှုန်းများအရ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အရေးပေါ်လိုအပ်လျက်ရှိသော စားဝတ်နေရေးထောက်ပံ့ကူညီမှုများကို လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီမှ နိုင်ငံရေးအရ ခုတုံးလုပ်ကာ မတရားသဖြင့် ဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေး အ ကျဉ်းသား ၃၁ ဦး ပါရှိပြီး ၎င်းတို့ကို မိသားစုဝင်များနှင့် ဆက်သွယ်ပေးကာ မိသားစုဝင်များထံ ဘေး ကင်းစွာ ပြန်နိုင်ရေးအတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့မှုအချို့ကို ၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက် တွင် ကူညီဆောင်ရွက်ပေးခဲ့ပြီး အကျဉ်းထောင်မှ လွတ်မြောက်လာသူများသည် ၎င်းတို့နေထိုင်ရာ ကျေးရွာများတွင် သွားရောက်နေထိုင်နေကြပြီဖြစ်ကြောင်း၊ ထို့အပြင် ရခိုင့်အမျိုုးသား အဖွဲ့ချုပ် မှလည်း ဆက်လက်ကူညီ ထောက်ပံ့မှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော်သည် စစ်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံပန်းများအား နိုင်ငံတကာ စစ်ဥပ‌ဒေအရ လူသားဆန်စွာ ကယ်ဆယ်ကူညီပေးလျက်ရှိသည့်အပြင် ယခုကဲ့သို စစ် ကောင်စီ၏ စစ်ဘက်၊ ရဲဘက် အကျဉ်းထောင်၊ အကျဉ်းစခန်းများတွင် ဖမ်းဆီးခံနေကြရသည့် အကျဉ်းသားများစွာတို့ကိုလည်း တိုက်ပွဲများကြားမှ ဘေးလွတ်ရာသို ကူညီကယ်ထုတ်ပေးခဲ့သည့် ဖြစ်ရပ်များရှိကြောင်း အသိပေးထားသည်။

 

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့၌ အာရက္ခတပ်တော်နှင့် ဖက်ဆစ် စစ်ကောင်စီတိုကြား တိုက်ပွဲများ မဖြစ်ပွားမီကပင် စစ်ကောင်စီသည် ဘူးသီးတောင်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးခြင်းနှင့် နေရာပြောင်းရွှေ့ခြင်းများကို လုပ်ဆောင်ခဲ့သော် လည်း နိုင်ငံရေးအကျဉ်းသားအချို့အား ချန်လပ်ထားခဲ့ကြသည်ဟု ဆိုသည်။

 

အဆိုပါဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများကို ဘူးသီးတောင်အကျဉ်းထောင်မှ တဆင့် နခခ – ၃ သို့ ပြောင်းရွှေ့ထိန်းသိမ်းထားခဲ့ပြီးနောက် ဘူးသီးတောင်မြို့ ၌ တိုက်ပွဲများ ပြင်း ထန် လာခဲ့သည့်တိုင် စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများကို တိုက်ပွဲကင်းလွတ်ရာသို့ ပြောင်း ရွေ့ခြင်း ပြုလုပ်ရမည့်အစား လူမျိုးရေးအမုန်းတရားကို အခြေခံကာ ရက္ခိုင်ပြည်က နိုင်ငံ‌ရေး အ ကျဉ်းသားများကို ပိုမိုဖိနှိပ်ခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်ထားသည်။

 

အသက်ရှင်ကျန်ရစ်ခဲ့ကြပြီး ကယ်ထုတ်ပေးထားသော ရာဇဝတ်မှုအကျဉ်းသားများကို ၎င်းတို့ကျုး လွန်ခဲ့သည့် ပြစ်မှုများနှင့် ကျခံထားပြီး ပြစ်ဒဏ်ကို  ပြန်လည်စိစစ်ကာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အနေဖြင့် လုပ်ဆောင်သင့်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *