Maddayar News

0 0
Read Time:1 Minute, 30 Second

မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ရွာ စစ်တပ်အထိုင်စခန်းကို ၈၁ မမ စိန်ပြောင်း ၂ လုံးဖြင့် ပစ်ခတ်တိုက် ခိုက် (ရုပ်သံ)

 

D Day News

မေလ ၃၀

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ရွာ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ၈၁ မမ စိန်ပြောင်း ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း SSTF – People’s Police အဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မေလ ၂၉ ရက် ည ၁၀ နာရီ မိနစ် ၂၀ အချိန်ခန့်က မတ္တရာမြို့နယ်၊၊ ငါးလုံးပြွန်ရွာ အကြမ်း ဖက်စစ်တပ် အထိုင်စခန်းကို SSTF – People’s Police အဖွဲ့မှ ရပ်ကျေးပကဖ အဖွဲ့များ နှင့်ပူးပေါင်း ပြီး ၈၁ မမ စိန်ပြောင်း လက်နက်ကြီးဖြင့် ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေထိုင်သည့် ဘန်ကာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ထို့သို့ ကျရောက်ပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

 

အဆိုပါ အကြမ်းဖက်စစ်တပ်စခန်းမှ စစ်သားများသည် အနီးအနားကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူ များအပေါ် ဖိနှိပ်အနိုင်ကျင့်ခြင်း၊ အတင်းအဓမ္မဖမ်းဆီးကာ ငွေကြေးတောင်းခံခြင်း စသည့် စစ်ရာဇ ဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *