Htilin News

0 0
Read Time:2 Minute, 31 Second

ထီးလင်းမြို့နယ်၊ ဆွဲလွဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကျွဲ ၁ ကောင်ထိမှန် သေဆုံး

 

D Day News

မေလ ၃၀

 

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆွဲလွဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက် စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျွဲ ၁ ကောင် ထိမှန် သေဆုံးခဲ့ကြောင်း YRA-ထီးလင်းတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မေ ၂၉ ရက် မွန်းလွဲ  ၂ နာရီခန့်တွင် ထီးလင်းမြို့နယ်၊ ဆွဲလွဲကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ  အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦး လေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စျေးဆိုင် ၁ ဆိုင်အနီး တောထဲ တနေရာ၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျွဲတကောင် ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

“နေ့လည် ၂ နာရီလောက်က ဗုံးကျဲ သွားတာပါ။ ဂျက်လေယာဥ်က ပထမ တခါ ၄ လုံး ကျဲ တာ၊ ၃ ပတ်လောက်ဝဲပြီးတော့ စက်သေနတ်တွေနဲ့လည်း ပစ်တယ် ရော့ကတ်တွေနဲ့လည်း ပစ်တယ် ကံ ကောင်းလို့ လူထိခိုက် သေဆုံးတာတော့ မရှိခဲ့ပါဘူး။ တိုက်ပွဲလဲမရှိဘူး ဘာမှလဲ ထူးခြားတာမရှိပဲ ရုတ်တရက်ကြီးလာ ပစ်သွားတာပါ” ဟု YRA-ထီးလင်းတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောကြား သည်။

 

ထီလင်းမြို့နယ်အတွင်း၌ ပြီးခဲ့သည့် မေလ ၅ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ Y-12 လေယာဥ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ၁ ကြိမ်၊ ဧပြီလ ၂၆ ရက်နေ့ကလည်း MI -35 တစ်စီးဖြင့် တစ်ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

 

“မနေ့ကလည်း လေယာဉ်နဲ့ လာပစ်တာ ဟုတ်တယ်၊ ခုလထဲမှာကို နှစ်ခါရှိပြီ။ အရင်လကုန်ခါနီးက လည်း တစ်ခါ ပစ်သေးတယ်။ တိုက်ပွဲလဲမရှိပဲနဲ့ အကြောင်းမဲ့ သပ်သပ်ကို လာလာ ပစ်နေတာ ကံ ကောင်းလိုကျေးရွာတွေထဲတော့ မကျသေးဘူး လူအသေအပျောက်မရှိသေးဘူး။ အားလုံးကတော့ အမေ ရေယာဉ် ကာကွယ်စောင့်ရှောက်နေတယ်လို့ပဲ ပြောနေကြတာ”ဟု ဒေသနေ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *